• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road နိုင်ငံတကာ သိပ္ပံပညာအဖွဲ့များ မဟာမိတ်အဖွဲ့ကို ပီကင်း၌ တည်ထောင်

(GMT+08:00) 2018-11-06 09:16:18

Belt and Road နိုင်ငံတကာ သိပ္ပံပညာအဖွဲ့များ မဟာမိတ်အဖွဲ့ကို ယခုလ ၄ ရက်နေ့က ပီကင်း၌ တည်ထောင်ခဲ့ရာ၊ ရုရှား သိပ္ပံပညာအသင်း၊ ပါကစ္စတန် သိပံ္ပပညာအသင်း၊ ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့၊ ဟန်ဂေရီ သိပံ္ပပညာအသင်း အပါအဝင် သိပံ္ပပညာအသင်း ဆယ်ပေါင်းများစွာတို့သည် ပထမ အသုတ် အဖွဲ့ဝင် အဖြစ်ဖြင့် မဟာမိတ်အဖွဲ့တွင် ပါဝင်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုလ ၅ ရက်နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင်၊ တရုတ် သိပံ္ပပညာအသင်း ဥက္ကဋ္ဌ ပိုင်ချွင်လီက၊  Belt and Road နိုင်ငံတကာ သိပ္ပံပညာအဖွဲ့များ မဟာမိတ်အဖွဲ့သည် Belt and Road ကမ်းလှမ်းချက် မူဘောင်အတွင်း၊ သက်ဆိုင်ရာ နိုင်ငံများမှ သိပံ္ပပညာ သုတေသနဌာနများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများတို့ ပူးတွဲ စည်းရုံး တည်ထောင်သော ကဏ္ဍစုံ နိုင်ငံတကာ သိပ္ပံနည်းပညာ အဖွဲ့အစည်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ Belt and Road သိပံ္ပနည်းပညာ ဆန်းသစ်တီထွင်ရေး အသိုက်အဝန်းကို လက်တွဲ တည်ထောင်ရန် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio