• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာမီဒီယာနှင့် တတ်သိပညာရှင်များအဖွဲ့များသည် စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်း၌ အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေ

(GMT+08:00) 2018-11-06 09:13:11

ပထမ အကြိမ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကို ယခုလ ၅ ရက်နေ့က ရှန်ဟိုင်း မြို့၌ ဖွင့်လှစ်ခဲ့ပါသည်။ ကုန်စည်ပြပွဲ တက်ရောက်နေသော ကမ္ဘာ့ နာမည်ကျော် မီဒီယာ ဌာနများနှင့် တတ်သိပညာရှင်များအဖွဲ့က၊ ကမ္ဘာ့စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်း ရေစီးကြောင်း၌ မီဒီယာနှင့် တတ်သိပညာရှင်များအဖွဲ့များသည် နိုင်ငံတကာ စည်းစနစ် တရားမျှတမှုနှင့် ပွင့်လင်းမှု ထိန်းသိမ်းရေး၊ တံခါးဖွင့် ကမ္ဘာ့စီးပွါးရေး စည်းစနစ် ဖွဲ့စည်း တည်ထောင်ရေး ဖြစ်စဉ်တွင် အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း ယူဆ ကြသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ကုန်စည်ပြပွဲ မူဘောင်အတွင်း အရေးကြီး လှုပ်ရှားမှု တစ်ရပ် အဖြစ်ဖြင့် ဟုန်ချောင် နိုင်ငံတကာ ဘဏ္ဍာရေးနှင့် စီးပွါးရေးဆိုင်ရာ မီဒီယာဌာနများနှင့် တတ်သိပညာရှင်များအဖွဲ့ ဖိုရမ်ကို ၅ ရက်နေ့ ညနေပိုင်းက ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့ပါသည်။ ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်မှာ "တံခါးဖွင့် ကမ္ဘာ့စီးပွါးရေး ဖွဲ့စည်းတည်ထောင်ခြင်းနှင့် မီဒီယာ ထုတ်လွှင့်ခြင်း" ဖြစ်ပြီး အစည်းအဝေး တက်ရောက်နေသော ကိုယ်စားလှယ်များသည် စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်၌ မီဒီယာနှင့် တတ်သိပညာရှင်များအဖွဲ့များ၏ အခန်းကဏ္ဍ အကြောင်းကို ဆွေးနွေးခဲ့ကြပါသည်။

ဖိုရမ်သို့ တက်ရောက်နေသော တရုတ် ဗဟို မီဒီယာ အုပ်စု ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက၊ မီဒီယာ ဌာနများ အနေနှင့် စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်းကို ဦးလည်မသုန် တွန်းအားပေးရန် ဝတ္တရားရှိကြောင်း၊ ကွာခြားချက်များကို ဖယ်ရှားပြီး တူညီချက်များကို ရှာကြံသော မီဒီယာ ပတ်ဝန်းကျင်ကို ထူထောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio