• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် မိတ်ဆွေဟောင်းများနှင့် တွေ့ဆုံ

(GMT+08:00) 2018-11-06 09:10:50

ရှန်ဟိုင်းမြို့၌ ကျင်းပသော ပထမ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနား တက်ရောက်ခဲ့ပြီးနောက် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၅ ရက်နေ့ ညနေပိုင်းက ရုရှား ဝန်ကြီးချုပ်၊ ချက် သမ္မတ၊ ဟန်ဂေရီ ဝန်ကြီးချုပ်နှင့် လက်သွေးနီးယား သမ္မတ အပါအဝင် မိတ်ဆွေဟောင်များနှင့် အသီးသီး တွေ့ဆုံခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ရုရှား ဝန်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ မျက်မှောက် ကာလ၌ တရုတ်နှင့် ရုရှား နှစ်နိုင်ငံစလုံးသည် နိုင်ငံတော် ဖွံ့ဖြိုးရှင်သန်ရေး သော့ချက်ကျ ကာလ၌ တည်ရှိနေသဖြင့်၊ လွန်စွာ ရှုပ်ထွေးပွေလီသော နိုင်ငံတကာ ပတ်ဝန်းကျင်ကို ရင်ဆိုင်လျက်၊ နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်မှာ အထူး အရေးကြီးပါကြောင်း ပြောကြားပါသည်။

ရုရှား ဝန်ကြီးချုပ်ကလည်း၊ ရုရှားနှင့် တရုတ်နိုင်ငံတို့သည် လာမည့်နှစ် နှစ်နိုင်ငံ သံအဆက်အသွယ် ထားရှိခဲ့သည့် ၇၀ ပြည့်မြောက်နှစ်ကို အခွင့်ကောင်း အဖြစ် ထားပြီး၊ နှစ်ဖက် အကြား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု နက်ရှိုင်းစွာ တိုးတက်စေရန် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio