• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲဖွင့်လှစ်၊ တရုတ်ပြည်ပြုပြင် ပြောင်းလဲမှု တိုးချဲ့ပြုလုပ်ရေးဆောင်ရွက်ချက်များ ရှီကျင့်ဖိန်က ကြေညာ

(GMT+08:00) 2018-11-05 14:45:26

      ပထမအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို ယခုလ ၅ ရက်နေ့ နံနက်ပိုင်းက ရှန်ဟိုင်းမြို့တွင် ဖွင့်လှစ်ခဲ့ရာ၊ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။

ထိုသို့မိန့်ခွန်းပြောကြားခဲ့ရာ၌ ရှီကျင့်ဖိန်က တရုတ်ပြည်ပြုပြင်ပြောင်းလဲမှု တိုးချဲ့ ပြုလုပ်ရေးဆောင်ရွက်ချက်များကို ကြေညာပြီး၊ စီးပွားရေးဂလိုဘယ်လိုင်ဇေးရှင်းသည်၊ လှည့်ပြောင်း၍ မရသော သမိုင်းရေစီးကြောင်းဖြစ်သဖြင့်၊ နိုင်ငံအသီးသီးတို့အနေနှင့်၊ တံခါး ဖွင့် ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ တွန်းအားပေးရန်၊ အကျိုးတူတိုးတက်မှု အကောင်အထည်ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်ဟု သတင်းအရသိရသည်။

   ဆက်လက်၍ ရှီကျင့်ဖိန်က တရုတ်နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲကျင်းပခြင်းသည်၊ တရုတ်ပြည်အနေနှင့် အဆင့်မြင့်တံခါးဖွင့်မှု တွန်းအားပေးရေးအတွက် အရေးကြီးသော ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်ပြီး၊ ကမ္ဘာအား တရုတ်ပြည်က ဈေးကွက်တံခါးဖွင့်ရေးအတွက် အရေးကြီးသော လုပ်ဆောင်ချက်တစ်ရပ်လည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

   Webradio