• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

CIIEပြပွဲက နိုင်ငံတကာ ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု သမိုင်းတွင် ဆန်းသစ် ဆောင်ရွက်မှုတစ်ရပ် ဖြစ်သည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2018-11-05 10:13:42

တရုတ်နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲသည် ယခုထက်ထိ ကမ္ဘာပေါ်တွင် သွင်းကုန်ကို အဓိကအချက်အဖြစ်ထားသော ပထမဦးဆုံး နိုင်ငံတော်အဆင့် ပြပွဲ ဖြစ်ပြီး နိုင်ငံတကာ ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု သမိုင်းတွင် ဆန်းသစ် ဆောင်ရွက်မှုတစ်ရပ် ဖြစ်သည်ဟု တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က နိုဝင်ဘာလ ၅ရက်နေ့က ရှမ်ဟိုင်းမြို့၌ ပြောကြားခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

သွင်းကုန်ကုန်စည်ပြပွဲကျင်းပခြင်းသည် တရုတ်နိုင်ငံအနေနှင့် အရည်အချင်းမြင့်စွာ တံခါးဖွင့်ရေးကို တွန်းအားပေးရန် အလှည့်သစ် အရေးကြီး ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် ကမ္ဘာ့အား ဈေးကွက်တံခါးဖွင့်ရန် အရေးကြီး ဆောင်ရွက်ချက်လည်း ဖြစ်ကြောင်း၊ ရှီကျင့်ဖိန်က ပြောကြားပါသည်။

   Webradio