• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သွင်းကုန် ကုန်စည်ပြပွဲ လာပြီ။ တရုတ်ဈေးကွက် ရယူနိုင်ဖို့ နိုင်ငံအသီးသီး ကြိုးပမ်းနေ

(GMT+08:00) 2018-11-05 09:22:53

သွင်းကုန် ကုန်စည်ပြပွဲကို ဒီလ ၅ ရက်နေ့မှာ တရုတ်ပြည် ရှန်ဟိုင်းမြို့မှာ ဖွင့်လှစ်မယ်။ အဲဒါဟာ တရုတ်အစိုးရက စီးပွါးရေး ဂလိုဘယ်လိုင်ဇေးရှင်းကို တွန်းအားပေးဖို့ အတွက် လုပ်ဆောင်တာ ဖြစ်ပြီး ကမ္ဘာ့ နိုင်ငံနဲ့ဒေသ ၁၃၀ ကျော်မှ လုပ်ငန်းကုမ္ပဏီ ၃၀၀၀ ကျော်တို့အတွက် တံခါးဖွင့် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖေါင်း တစ်ခုကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။

သွင်းကုန် ကုန်စည်ပြပွဲမှာ၊ လုပ်ငန်းကုမ္ပဏီများ ပြပွဲ ရှိတဲ့အပြင်၊ နိုင်ငံ အသီးသီးဆိုင်ရာ ပြပွဲလည်း ရှိပါတယ်။ ကုန်စည် ဆိုင်ရာ ကူးသန်းရောင်းဝယ်မှု ရှိတဲ့ အပြင်၊ ဝန်ဆောင်မှုဆိုင်ရာ ကူးသန်းရောင်းဝယ်မှုလည်း ရှိပါတယ်။ ပြပွဲများ ပြုလုပ်တဲ့အပြင် နိုင်ငံတကာ စီးပွါးကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး နှီးနှောဖလှယ်ပွဲများကို လည်း ကျင်းပမှာ ဖြစ်ပါတယ်။

ဒီအကြိမ် ကုန်စည်ပြပွဲရဲ့ အတိုင်းအတာ ကြီးမားပြီး စုစုပေါင်း အကျယ်အဝန်းမှာ စတုရမ်းမီတာ ၃ သိန်းကျော် ရှိပါတယ်။ နိုင်ငံနဲ့ဒေသ ၁၃၀ ကျော်မှ လုပ်ငန်းကုမ္ပဏီများဟာ ကုန်စည်ပြပွဲမှာ ခင်းကျင်းပြသမှာ ဖြစ်ပြီး အဲဒါတွေထဲမှာ ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများ၊ BRICS နိုင်ငံများ၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများ၊ Belt and Road တစ်လျှောက်မှ နိုင်ငံ ၅၈ နိုင်ငံနဲ့ ဖွံ့ဖြိုးမှု အနည်းဆုံးသော နိုင်ငံ ၃၅ နိုင်ငံ စတာတွေ ပါဝင်ထားပါတယ်။ ကုန်စည်ပြပွဲမှာ ပါဝင် ခင်းကျင်းပြသတဲ့ လုပ်ငန်းကုမ္ပဏီများ အနက် ၂၀၀ ကျော်တို့ဟာ ကမ္ဘာ့ရှေ့ပြေး အကျဆုံးသော လုပ်ငန်းကုမ္ပဏီကြီးများ ဖြစ်ပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းများမှ ထုတ်ပြန်တဲ့ စာရင်းအရ၊ ၂၀၀၁ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ တရုတ်နိုင်ငံရဲ့ သွင်းကုန် တိုးတက်နှုန်းဟာ ၁၃့ ၅ ရာခိုင်နှုန်း ဖြစ်ပြီး ကမ္ဘာ့ သွင်းကုန် တိုးတက်နှုန်းရဲ့ နှစ်ဆ ဖြစ်ပါတယ်။ ဝန်ဆောင်မှု ဆိုင်ရာ သွင်းကုန် တိုးတက်နှုန်းဟာ ၁၆့ ၇ ရာခိုင်နှုန်း ဖြစ်ပြီး ကမ္ဘာ့ ပျမ်းမျှ တိုးတက်နှုန်းရဲ့ ၂့ ၇ ဆ ဖြစ်တယ်လို့ သိရပါတယ်။

   Webradio