• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမအကြိမမြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲနှင့် ပတ်သက်၍ လန်ဒန် အရာရှိ ပြောဆို

(GMT+08:00) 2018-11-04 15:30:59

၂၀၁၈ခုနှစ် ပထမအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို ယခုလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ တရုတ်ပြည် ရှန်ဟိုင်းမြို့တွင် ကျင်းပသွား မည်ဖြစ်သည်။ ယခုအကြိမ် အဓိက ဧည့်သည်နိုင်ငံဖြစ်သည့် ဗြိတိန်နိုင်ငံသည်၊ ယင်းကုန်စည်ပြပွဲကို အလွန့်အလွန်အလေးထားပြီး၊     ဘုရင့်မိသားစုများ၊ အစိုးရအာရာရှိ များနှင့် လုပ်ငန်းကုမ္ပဏီ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို စေလွှတ်ခဲ့သည်။ The City of London Corporation အထူးအကြံပေးအရာရှိ Sherry Maderaက ပိုမိုများပြားသော ဗြိတိန်လုပ်ငန်းကုမ္ပဏီသည်၊ ယခုအကြိမ် ကုန်စည်ပြပွဲသို့ပါဝင်ခြင်းမှတစ်ဆင့် တရုတ်ပြည်သို့ ကုန်စည်တင်ပို့နိုင်ရန် မျှော်လင့်ကြကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio