• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"ကမ္ဘာ့ကုန်သွယ်မှုကို အသွင်ဆန်းစေမယ့် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ"

(GMT+08:00) 2018-11-01 15:11:18

မကြာမီမှာပဲ တရုတ်နိုင်ငံရဲ့ ပထမဆုံးအကြိမ် နိုင်ငံတကာသွင်းကုန်ပြပွဲ (1st China International Import Expo-1st CIIE)ကို ရှန်ဟိုင်းမြို့မှာ ကျင်းပပါတော့မယ်။ ရက်အတိအကျပြောရရင် လာမယ့် နိုဝင်ဘာလ (၅)ရက်နေ့ကနေ(၁၀)ရက်နေ့အထိ ပြုလုပ် သွားမှာပါ။ ဒါဟာ တရုတ်နိုင်ငံအနေနဲ့ မိမိနိုင်ငံရဲ့ ကုန်သွယ်မှုဈေးကွက်ဖွင့်လှစ်မှုကို ကမ္ဘာ အား ချပြလိုက်ခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၇ခုနှစ် မေလက ကျင်းပခဲ့တဲ့ Belt & Road ဖိုရမ်မှာ တရုတ်နိုင်ငံ တော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက်  ၂၀၁၈ခုနှစ်ကနေ တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲကို စတင်သွားမယ်လို့ပြောဆိုခဲ့ပါတယ်။ ဒီလို နိုင်ငံတော် ဥက္ကဋ္ဌရဲ့ အရေးကြီးဆုံးဖြတ်ချက်မိန့်ခွန်းအရ တရုတ်အစိုးရအဖွဲ့ဟာ တရုတ်နိုင်ငံရဲ့ ပထမ အကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (1st CIIE )ကို ရှန်ဟိုင်းမြို့၌ ကျင်းပသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီပြပွဲကိုတော့ National Trade Investment Comprehensive Exhibition and Corporate Business Exhibitionက ဦးစီးကျင်းပသွားမှာဖြစ်တယ်လို့ သိရတယ်။ တရုတ်နိင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံအားလုံးကို ဒီပထမအကြိမ် သွင်းကုန်ပြပွဲကနေ ကြိုဆိုထားပြီး ဒီသွင်းကုန်ပြပွဲကနေ လိုအပ်နေတဲ့ထောက်ပံ့ရေးအစီအစဉ်၊ နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် ကူညီမှုတွေရရှိစေမှာဖြစ်တဲ့အတွက် နိုင်ငံတွေနှင့်ကုန်သည်ကြီးတွေကို ပြပွဲမှာပါဝင်ဖို့ တရားဝင်ဖိတ်ခေါ်ထားပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေ တဲ့နိုင်ငံတွေကိုဖြစ်ပါတယ်။

       တရုတ်နိုင်ငံအနေနဲ့ ဒီသွင်းကုန်ပြပွဲကနေတစ်ဆင့် ကမ္ဘာ့နိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနှင့် ပူးပေါင်းဆောင်ရွက်လိုပြီး ကမ္ဘာ့ပထမအဆင့်ပြပွဲအဖြစ် တရုတ်နိုင်ငံ တကာသွင်းကုန်ပြပွဲကို တည်ဆောက်ခြင်း၊ နိုင်ငံတကာကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက် မှု အစီအစဉ်သစ်တွေဖွင့်လှစ်ခြင်း၊ ကမ္ဘာ့ကုန်သွယ်မှုနှင့်ကမ္ဘာ့စီးပွားရေးရဲ့ ဆက်သွယ်မှု ကြီးမားမှုကို ပိုမိုပြည့်စုံစေခြင်း၊ ဘုံမျှော်လင့်ချက်နှင့် အပြန်အလှန်အကျိုးခံစားမှုတွေကို ရရှိစေခြင်း စတာတွေကို အတူလုပ်ဆောင်လိုတယ်လို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ငါးနှစ်ကတရုတ်နိုင်ငံရဲ့သွင်းကုန်နှင့်ဝန်ဆောင်မှုပမာဏဟာ အမေရိကန် ဒေါ်လာ(၁၀)ထရစ်လီယံရှိခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ဒီသွင်းကုန်ပြပွဲကနေ လွတ်လပ် တဲ့ကုန်သွယ်မှုနှင့်ပြည့်ဝမှုတွေရဲ့ မြှင့်တက်လာမှုကိုထိန်းသိမ်းခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေး ကြီးထွားလာမှုရဲ့အကျိုးအမြတ်တွေကိုမျှဝေခံစားခြင်း၊ Belt & Road အစီအစဉ် ကနေ စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုတွေရဲ့ ဦးဆောင်မှုပေးနိုင်ခြင်း၊ ကမ္ဘာ့ စီးပွားရေးကြီးထွားလာမှုမှာ နိုင်ငံတကာကုန်သွယ်မှုရဲ့ မောင်းနှင်အားကို ကောင်းစွာအသုံး ပြုနိုင်ခြင်းနှင့်စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းရဲ့ ထိန်းသိမ်းထားနိုင်မှု၊ ပါဝင်မှုနှင့်ကြံ့ခိုင်မှု တွေကို ထောက်ပံ့ပေးခြင်းစတာတွေရရှိဖို့ မျှော်လင့်ထားတယ်လို့သိရပါတယ်။

အခု ပထမအကြိမ် ကျင်းပခြင်းဖြစ်တဲ့ ဒီနိုင်ငံတကာသွင်းကုန်ပြပွဲ (1st CIIE)မှာ ကုန်သွယ်ရေးတိုးမြှင့်ဆောင်ရွက်ခြင်း(Trade Openning Up)၊ ကုန်သွယ်မှုနှင့် ဆန်းသစ် ပြောင်းလဲခြင်း (Trade and Innovation)၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှပ်နှံခြင်း(Trade and Investment) ဆိုပြီး Event(၃)မျိုးရှိပြီး ပြသမယ့်ကုန်ပစ္စည်းတွေအနေနဲ့ အသိဥာဏ်နှင့် ခေတ်မီအဆင့်မြင့်ပစ္စည်းတွေ၊ အီလစ်ထရောနစ်ပစ္စည်းတွေ၊ အိမ်သုံးပစ္စည်းတွေ၊ အ၀တ် အထည်တွေ၊ စားသောက်ကုန်တွေ၊ ဖုန်းနှင့်ဆက်စပ်ပစ္စည်းတွေ၊ အစားအစာနှင့် လယ်ယာ ထွက်ကုန်တွေ၊ ဆေးဝါးဆိုင်ရာပစ္စည်းတွေ၊ ဆေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုတွေ၊  နောက် နည်းပညာအသစ်အဆန်းတွေ၊ ယဉ်ကျေးမှုတွေ၊ ပညာရေးနှင့်ခရီး သွားလုပ်ငန်း ၀န်ဆောင်မှုစသဖြင့်ပါဝင်ပါတယ်။ ဒီပြပွဲမှာပါဝင်ပြသကြတဲ့နိုင်ငံတွေဟာ ဒီပြပွဲ ပလက် ဖောင်းကနေ သူတို့ရဲ့ကုန်ပစ္စည်းတွေကို တရုတ်နှင့် အခြားသောနိုင်ငံတွေကို ရောင်းချနိုင် မှာဖြစ်ပါတယ်။ ဒါဟာ ကုန်သွယ်မှုနှင့်ရင်းနှီးမြှပ်နှံမှုတွေအတွက် နိုင်ငံတကာ ကုန်သွယ်မှု စင်မြင့်ဖြစ်လာနိုင်ပြီး  ဆက်စပ်တဲ့နိုင်ငံတွေဟာ သူတို့ရဲ့ ကုန်သွယ်ရေးရင်းနှီးမြှပ်နှံမှု ဖွံ့ဖြိုး တိုးတက်မှုတွေကို ပြသခွင့်ရလာမှာဖြစ်ပါတယ်။  

ဒီသွင်းကုန်ပြပွဲမှာ နိုင်ငံပေါင်း(၁၀၀)ကျော်က ပြခန်းပေါင်း(၂၀၀၀)ကျော်ပါဝင်ပြသ မှာဖြစ်တယ်လို့သိရပါတယ်။ ပြပွဲအစီအစဉ်တွေအားဖြင့် နိုင်ငံတကာမှ ကုန်သည်များ အတွက် အထူးခရီးစဉ် (၄၅)ခုနှင့် ရင်းနှီးမြှုပ်နှံမှုတွန်းအားပေးရေးလှုပ်ရှားမှု အကြိမ်ပေါင်း (၃၀)ထည့်သွင်းကျင်းပမှာဖြစ်ပါတယ်။  ဒီလို ပြုလုပ်ပေးခြင်းဟာ ရှန်ဟိုင်းမြို့ရဲ့စီးပွားရေး ပတ်ဝန်းကျင်အခြေအနေကို မိတ်ဆက်ပြီး ရှန်ဟိုင်းမြို့နှင့် သွင်းကုန် ကုန်စည်ပြပွဲတွင် ပါဝင် သော စီးပွားကုန်သွယ်ရေးအဖွဲ့အစည်း၊ ဌာနများအကြား ရင်းနှီးမြှုပ်နှံမှုတွန်းအားပေးရေး ဆိုင်ရာ ကူးလူးဖလှယ်မှုနှင့် ဆက်ဆံမှုကို တိုးမြှင့်ပေးမှာလည်းဖြစ်ပါတယ်။

အခုဆို ရှန်ဟိုင်းမြို့ ဟုန်ချောင်လေဆိပ် Terminal 2 မှာ တရုတ်နိုင်ငံတကာသွင်း ကုန်ပြပွဲဝန်ဆောင်မှုစင်တာကို ဖွင့်လှစ်ထားပြီး ပြပွဲလာဧည့်သည်များအတွက် ဧည့်ခံကြို ဆိုခြင်း နှင့် အကြံပေးဝန်ဆောင်မှုများကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ နောက်ပြီး ပထမဆုံး ဖူ့ရှင်ဟောင့် သွင်းကုန်ကုန်စည်ပြပွဲ အထူးမြန်နှုန်းမြင့်ရထားလည်း ဘေကျင်း- ရှန်ဟိုင်းမြန် နှုန်းမြင့်ရထားလမ်းပေါ်တွင် စတင်ပြေးဆွဲနေပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲဆိုင်ရာ ဗဟုသုတနှင့် အချက်အလက်တွေကို မျှဝေပေးမယ့် ဒီမြန်နှုန်းမြင့် ရထားဟာ ပြပွဲပြီးဆုံးမယ့်နိုဝင်ဘာလ(၁၀)ရက်နေ့အထိ ပြေးဆွဲပေးနေမှာဖြစ်ပါတယ်။ နိုင်ငံ ပေါင်း(၁၀၀)ကျော်ရဲ့ ကုန်ပစ္စည်းတွေကိုလက်ခံပြသပေးမယ့် ရှန်ဟိုင်းနိုင်ငံတကာ သွင်းကုန်ပြပွဲစင်တာလည်း ရာနှုန်းပြည့်ပြင်ဆင်မှုတွေ ပြီးစီးနေပြီဖြစ်ပါတယ်။

        ဒီနိုင်ငံတကာသွင်းကုန်ပြပွဲမှာ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များနဲ့ ကုန်သည် ကြီးများလည်းပါဝင်ပြသမှာဖြစ်ပါတယ်။  မြန်မာနိုင်ငံမှ ပြခန်းဧရိယာ စတုရန်းမီတာ (၁၀၀) အတွင်းပြခန်းပေါင်း(၂၆)ခန်းရှိပြီး ကျောက်မျက်ရတနာပြခန်း (၁၅)ခန်းနဲ့ အစားအသောက် နဲ့ခရီးသွားဆိုင်ရာပြခန်း(၁၁)ခန်းတို့ ပါဝင်တယ်လို့သိရပါတယ်။ "မြန်မာနိုင်ငံအနေနဲ့ ဒီသွင်း ကုန်ပြပွဲတွင် ပါဝင်ပြသနိုင်ခဲ့မယ်ဆိုရင် တရုတ်ဈေးကွက်တင်မက ပြပွဲမှာပါဝင်မယ့် အခြား နိုင်ငံတွေကိုပါ ကုန်ပစ္စည်းအရည်အသွေးတွေ၊ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေ၊ ကုန်ပစ္စည်း အမျိုးအမည်တွေကို ပြသနိုင်မှာဖြစ်တယ်။ နောက်ပြီး အခြားနိုင်ငံပေါင်း (၁၀၀)ကျော်က လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံနိုင်မှာဖြစ်တဲ့အပြင် တရုတ်ဈေးကွက်မှာ မြန်မာနိုင်ငံက ကုန် ပစ္စည်းတွေကို ၀ယ်ယူသုံးစွဲနေသူတွေနဲ့ တိုက်ရိုက်တွေ့ဆုံနိုင်ပြီး ၀ယ်ယူစားသုံးသူတွေရဲ့ ကြိုက်နှစ်သက်မှုအရှိဆုံး မြန်မာ့ပို့ကုန်တွေရဲ့အကြောင်းကို သိရှိခွင့်ရနိုင်တယ်။ ဈေးကွက် ကွန်ရက် (Market Network)ကိုလည်း ချဲ့ထွင်နိုင်မှာဖြစ်တယ်"လို့  တရုတ်နိုင်ငံ ပီကင်း မြို့ပီကင်းတက္ကသိုလ်မှာ စီးပွားရေးပြည်သူ့ရေးရာစီမံခန့်ခွဲမှုဘာသာရပ်ဖြင့် မဟာဘွဲ့လာယူ ခဲ့တဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက သူ့ရဲ့ အမြင်ကို ပြောဆိုထားပါတယ်။

         ဒီပြပွဲဟာ လွတ်လပ်စွာကုန်သွယ်ရေး တိုးမြှင့်ဆောင်ရွက်ခြင်း (Trade Openn ing Up)ပြုလုပ်နိုင်ဖို့အတွက် အဓိကရည်ရွယ်ပြီး ကျင်းပတာတဲ့အတွက် မြန်မာနိုင်ငံလို Belt and Road အစီအစဉ်မှာ ပါဝင်နို်င်မှုအားသာချက်တွေများစွာရှိနေတဲ့ နိုင်ငံတစ်ခုအနေနဲ့ ဒီအခွင့်အရေးကို လက်လွှတ်မခံသင့်ဖူးလို့ မြင်ပါတယ်။ ဒီပြပွဲကနေ မြန်မာနိုင်ငံအတွက် စီးပွားကုန်သွယ်မှုအခွင့်အလမ်းတွေ၊ ရင်းနှီးမြှပ်နှံမှုအခွင့်အလမ်းတွေ၊ နောက်တစ်ခါ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုထောက်ပံ့ရေးအစီအစဉ်တွေကိုရယူသင့်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ကတော့    ဒီသွင်းကုန်ပြပွဲကနေ ကမ္ဘာ့ကုန်သွယ်ရေးကြီးထွားလာမှုရဲ့ အကျိုးအမြတ် တွေ ကို မျှဝေခံစားခြင်း၊ Belt & Road အစီအစဉ်ကနေ စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်းေ ဆာင်ရွက်မှုတွေရဲ့ ဦးဆောင်မှုပေးနိုင်ခြင်း၊ ကမ္ဘာ့စီးပွားရေးကြီးထွားလာမှုမှာ နိုင်ငံတကာ ကုန်သွယ်မှုရဲ့မောင်းနှင်အားကို ကောင်းစွာအသုံးပြုနိုင်ခြင်းနှင့်စီးပွားရေးဂလိုဘယ်လိုက် ဇေးရှင်းရဲ့ ထိန်းသိမ်းထားနိုင်မှု၊ပါဝင်မှုနှင့်ကြံ့ခိုင်မှုတွေကို ထောက်ပံ့ပေးခြင်းစတာတွေရရှိ ဖို့ မျှော်လင့်ထားတယ်လို့သိရပါတယ်။

အချုပ်အားဖြင့်ဆိုရရင်တော့ ဒီသွင်းကုန်ပြပွဲကနေတစ်ဆင့် နိုင်ငံတွေရဲ့ ကုန် ပစ္စည်းဈေးကွက် Networkingချိတ်ဆက်မှုတွေ၊ Trade Networking ချိတ်ဆက်မှုတွေ၊ နောက်ပြီးတော့ ဈေးကွက်ပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေကို တည်ဆောက်လာ နိုင်မှာဖြစ်တဲ့အတွက် အိမ်ရှင်တရုတ်နိုင်ငံအတွက်ရော ပါဝင်ပြသပေးတဲ့နိုင်ငံ၊ အဖွဲ့အစည်း တွေရော များစွာအကျိုးရှိလာနိုင်မယ်လို့ထင်ပါတယ်။ နောက်ပြီးတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်သွယ်ရေးအရ စတင်မိတ်ဆက်ဖို့အတွက်လည်း ဒီလိုသွင်းကုန်ပြပွဲတွေကနေ တစ်ဆင့် အခွင့်အလမ်းတွေ များစွာရရှိတာဖြစ်တဲ့အတွက်ကြောင့် ဒီနိုင်ငံတကာသွင်းကုန် ပြပွဲ (1stCIIE)ဟာ ကုန်သွယ်ရေးအတွက်တင်မက ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အရေးပါတဲ့ပြပွဲ ဒါ့မှမဟုတ် အရေးပါတဲ့လှုပ်ရှားမှုတစ်ခုအနေနဲ့ ဖြစ်တည်လာနိုင်လိမ့်မယ် ဆိုတာ အမှန်ပါပဲ----

 

                                              အောင်မာန်( ဆော)

 

   Webradio