• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲသည် တံခါးဖွင့်မူဝါဒကို ပိုမို ကျယ်ပြန့်စွာ ဆောင်ရွက်ခြင်းအတွက် အကျိုးသက်ရောက်မှုရှိသော ဆောင်ရွက်ချက်ပင်ဖြစ်သည်ဟု ကန်ပညာရှင်များဆို

(GMT+08:00) 2018-10-31 11:41:56

        ပထမဆုံးအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲကို နိုဝင်ဘာလ ၅ ရက်နေ့မှနေ ၁၀ ရက်နေ့အထိ ရှန်ဟိုင်းမြို့၌ ကျင်းပတော့မည်ဖြစ်သည်။ မကြာခင်ရက်များက အမေရိကန်ပညာရှင်အချို့သည် သွင်းကုန်ပြပွဲကို များစွာ စောင့်မျှော်ကြကြောင်း၊ ၄င်းတို့က ယင်းသည် တံခါးဖွင့်မူဝါဒကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ခြင်းအတွက် အကျိုးသက်ရောက်မှုရှိသော ဆောင်ရွက်ချက် ဖြစ်ပြီး နိုင်ငံကြီးတစ်နိုင်ငံ၏တာဝန် ကျေပွန်စွာ ထမ်းဆောင်ခြင်းကို အတိအကျ ပြသထားကြောင်း ပြောကြားသည်။

        Harvard Kennedy Schoolမှ ကျောင်းအုပ်ကြီးဟောင်း ဂျိုစက်ဖ်-နိုင် က ရှန်ဟိုင်းမြို့သည် တရုတ်နိုင်ငံတကာကုန်သွယ်မှု၏ အရေးကြီး ပလက်ဖေါင်းတစ်ခုအနေနှင့် ပထမဆုံးအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲကို ကျင်းပခြင်းဖြင့် တရုတ်ပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အောင်ကျိုးရလဒ်များကို တစ်ကမ္ဘာလုံးအား ပြသမည်ဖြစ်ကြောင်း မကြာခင်က ဘော်စတန်မြို့၌ ပြောကြားသည်။

        တရုတ်ရေးရာဆိုင်ရာ အမေရိကန်ပညာရှင် ရော်ဘာ-ကူန်က သွင်းကုန်ပြပွဲသည် တရုတ်ပြည်၏ သွင်းကုန်ပမာဏ တိုးချဲ့ရန်ဆန္ဒကို ပြသထားကြောင်း၊ သွင်းကုန်ပြပွဲ ကျင်းပခြင်းဖြင့် တရုတ်ပြည်သည် ကမ္ဘာအား ဈေးကွက် ဖွင့်လှစ်သည့် သဘောထား ရပ်တည်ချက်ကို ပြသသည့်အပြင် လက်တွေ့ဆောင်ရွက်မှုများဖြင့် ကမ္ဘာ့ကုန်သွယ်ရေး ကောင်းမွန်ညီမျှစွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တွန်းအားပေးနေကြောင်း ပြောကြားသည်။

   Webradio