• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သည် မြန်မာအား ပြန်လည် တပ်ဆင်ဖြုတ်ချ နိုင်သည့် အိမ်ရာ ၁၀၀၀ကို ပေးအပ်

(GMT+08:00) 2018-10-29 15:13:12

ယခုလ ၂၇က်နေ့က တရုတ်ပြည်မှ မြန်မာ နိုင်ငံအား ပြန်လည် တပ်ဆင်ဖြုတ်ချ နိုင်သည့် အိမ်ရာ ၁၀၀၀ ပေးအပ်ခြင်း အခမ်းအနားကို မြန်မာ နိုင်ငံ ရန်ကုန် သီလဝါ ဆိပ်ကမ်းတွင် ကျင်းပခဲ့ကြောင်း၊ ၄င်းယာယီအိမ်ရာများကို ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွါသူ များကို ပြန်လည်နေရာချထားပေးရန် အတွက် အသုံးပြုမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန့်က ယင်းသည် ယခုနှစ် ဇန်နဝါရီလက တရုတ်ပြည်မှ မြန်မာ နိုင်ငံအား ယာယီအိမ်ရာများကို ထောက်ပံ့ပေးအပ် ခဲ့သည့် နောက်ပိုင်းတွင် မြန်မာဘက်မှ တောင်းဆိုချက်အရ တစ်ဆင့်တိုးပေးအပ်သည့် ကူညီပံ့ပိုးမှု ဖြစ်ကြောင်း၊ ယင်းသည် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွါသူများအား ပြန်လည် နေရာချထားပေးရန် မြန်မာ အစိုးရမှ အားထုတ်ကြိုးပမ်းမှု အတွက် အထောက်အကူ ဖြစ်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

မြန်မာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ယခုနှစ် ဇန်နဝါရီလက တရုတ်ပြည်မှ ပေးအပ်ခဲ့သော ပထမအသုတ် ယာယီအိမ်ရာများ၏ အရည်အသွေး အပေါ် လွန်စွာ ချီးကျူးကြောင်း၊ ၄င်းယာယီအိမ်ရာများကို တပ်ဆင် ဖြုတ်ချရန်နှင့် သယ်ယူပို့ဆောင်ရန် အလွန် အဆင်ပြေ လွယ်ကူပြီး လက်တွေ့ အသုံးချမှု ရှိကြောင်း၊ တရုတ်ပြည်ကို ကျေးဇူးတင်ရှိကြောင်းလည်း ပြောကြားသည်။

မြန်မာ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ရခိုင်ပြည်နယ် ပြဿနာနှင့် ပတ်သက်၍ တရုတ်ပြည်သည် မြန်မာကို များစွာသိရှိနားလည်ကြောင်း၊ တရုတ်ပြည်သည် ၄င်းပြဿနာကို ဖြေရှင်းရန် အတွက် မြန်မာပြည်အား လက်တွေ့ကျကျ ကူညီပံ့ပိုးနေကြောင်း ပြောကြားသည်။

   Webradio