• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲသည် ဆန်းသစ်မှုတစ်ရပ်ဖြစ်ကြောင်း အီတလီ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ဒုဝန်ကြီးဆို

(GMT+08:00) 2018-10-28 11:10:43

        ပထမဆုံးအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲကို နိုဝင်ဘာလ ၅ ရက်နေ့တွင် တရုတ်ပြည် ရှန်ဟိုင်းမြို့၌ စတင်ကျင်းပတော့မည်။ ယင်းပြပွဲတွင် ပါဝင်ရန် အစောဆုံး အသိအမှတ်ပြုကြသော နိုင်ငံများမှ နိုင်ငံတစ်နိုင်ငံအနေနှင့် အီတလီနိုင်ငံ စက်မှုကုန်သွယ်မှုလောကမှ လုပ်ငန်းကုမ္ပဏီများ ယင်းပြပွဲကို အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်သည့်အပြင် အီတလီဒုဝန်ကြီးချုပ်၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ဒုဝန်ကြီး ၂ ဦး ခေါင်းဆောင်သော ကိုယ်စာလှယ်အဖွဲ့လည်း ယင်းပြပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        အီတလီစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ဒုဝန်ကြီး မိုင်ကယ်-ဂျယ်ရာကျီက ယခုအကြိမ်တရတ်ခရီးစဉ်သည် တရုတ်ဈေးကွက်ကို သိရှိနားလည်ရန်၊ တရုတ်လုပ်ငန်းကုမ္ပစီများကို သိရှိရန်နှင့် ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများ ရှာကြံရန် ရည်မှန်းထားကြောင်း ပြောကြားသည်။

 

   Webradio