• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မူဆယ်-မန္တလေး ရထားလမ်း အပေါ် တရုတ်နှင့် မြန်မာတို့ လုပ်နိုင်ချေ လေ့လာမှု ပြုလုပ်ကြ

(GMT+08:00) 2018-10-26 15:42:42

ယခုလ ၂၂ရက်နေ့က တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့မှ ကိုယ်စားလှယ်များသည် မြန်မာ နိုင်ငံ နေပြည်တော်တွင် မူဆယ်-မန္တလေး ရထားလမ်း လုပ်ငန်း အစီအစဉ် လုပ်နိုင်ချေ လေ့လာမှု စာချွန်လွှာကို ချုပ်ဆိုခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းစာချွန်လွှာအရ နှစ်နိုင်ငံတို့သည် အချိန် ၂နှစ်ကို အသုံးပြုပြီး ၄င်းလုပ်ငန်း အစီအစဉ် အပေါ် လုပ်နိုင်ချေ လေ့လာမှုကို ပြုလုပ်ကာ လုပ်နိုင်ချေ လေ့လာမှု အစီရင်ခံစာကို ရေးသားမည် ဖြစ်ကြောင်း၊ မြန်မာ အစိုးရသည် ၄င်းအစီရင်ခံစာကို အခြေခံပြီး နိုင်ငံတကာ တင်ဒါခေါ်ယူခြင်းကို ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန့်တို့သည် ထိုနေ့က ကျင်းပသော လက်မှတ်ရေးထိုးချုပ်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း၊ ဝန်ကြီး ဦးသန့်စင်မောင်က ၄င်းရထားလမ်းသည် မဟာဗျူဟာအရ အလွန် အရေးကြီးပြီး တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ၏အစိတ်အပိုင်း ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး စင်္ကြံဖြစ်ပြီးလျှင် စီးပွားရေး စင်္ကြံဖြစ်နိုင်ကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး နိုင်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

သံအမတ်ကြီး ဟုန်လျန့်က Belt and Roadနှင့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ၏ လေလံတင် လုပ်ငန်း အစီအစဉ် ဖြစ်သည့် အနေဖြင့် မူဆယ်-မန္တလေး ရထားလမ်းသည် မြန်မာ မြောက်ပိုင်း အရေးကြီးမြို့များနှင့် စီးပွားရေး အချက်အချာကို ဖြတ်ကျော် ဆက်စပ်ထားပြီး မြန်မာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစွာ တွန်းအားပေးကာ မြန်မာ မြောက်ပိုင်း ဒေသတွင် အေးချမ်းတည်ငြိမ်မှုကို တိုးမြှင့်၍ ဒေသတွင်း အပြန်အလှန် ဆက်သွယ်မှု တည်ဆောက်ရေးကိုလည်း တွန်းအားပေးမည် ဖြစ်ကြောင်း၊ ရထားလမ်းသည် Belt and Roadနှင့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံကို နှစ်နိုင်ငံတို့မှ အတူတည်ဆောက် ရေး အတွက် တွန်းအားသစ် ဖြစ်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

တရုတ်-မြန်မာ ရထားလမ်းသည် တရုတ်ပြည် ကူမင်းမြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပေါက်ရောက်မည် ဖြစ်ပြီး စုစုပေါင်း ရှည်လျားမှုမှာ ၄၃၁ကီလိုမီတာ ရှိမည် ဖြစ်ကာ  ခန့်မှန်းမြန်နှုန်းမှာ ကီလိုမီတာ ၁၆၀ရှိကြောင်း၊ ယခုတွင် တရုတ်-မြန်မာ ရထားလမ်း၏ တရုတ်ပြည်တွင်းရှိ နောက်ဆုံးအပိုင်း ဖြစ်သည့် တာ့လီ-ရွှေလီ ရထားလမ်းကို အပူတပြင်း ဖောက်လုပ်နေကြောင်း၊ ၂၀၂၂ခုနှစ်တွင် ဖောက်လုပ်ပြီးစီးမည်ဟု ခန့်မှန်းရကြောင်း သိရသည်။

 

   Webradio