• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ "ပင်လယ်ပြင် ပူးတွဲ စစ်ရေး လေ့ကျင့်ပွဲ-၂၀၁၈"သည် ဒေသတွင်း ရေတပ် ကူးလူးဖလှယ်မှုကို တိုးမြှင့်

(GMT+08:00) 2018-10-25 14:59:10

တရုတ်နှင့် အာဆီယံတို့ ပထမဆုံး အကြိမ် အဖြစ် ကျင်းပသော ပင်လယ်ပြင် ပူးတွဲ စစ်ရေး လေ့ကျင့်ပွဲသည် ယခုလ ၂၄ရက်နေ့က ဆိပ်ကမ်းနှင့် ကမ်းခြေလှုပ်ရှားမှု အဆင့်၏ နောက်ဆုံးရက်သို့ ရောက်ရှိကြောင်း၊ တရုတ်၊ ဘရူနိုင်း၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် ရေတပ်များမှ စစ်သင်္ဘော ၈စင်းတွင် ကူးလူးဖလှယ်ရေးနှင့် လည်ပတ်ကြည့်ရှုခြင်း လှုပ်ရှားမှုများကို ကျင်းပခဲ့ကြောင်း၊ တစ်နိုင်ငံ၏ ရေတပ်မှ တပ်မှူးတပ်သားများသည် အခြားနိုင်ငံများ၏ စစ်သင်္ဘောတွင် လည်ပတ်ကြည့်ရှုပြီး ကူးလူးဖလှယ်မှုများ ပြုလုပ်ခဲ့ကြ ကြောင်း၊ တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

တရုတ် ရေတပ် သုတေသန အကယ်ဒမီမှ သုတေသီ၊ စစ်ရေး ပညာရှင် ကျန်းကျွင်းရှဲ့က ၄င်းကူးလူးဖလှယ်ရေး လှုပ်ရှားမှုဖြင့် စစ်ရေး လေ့ကျင့်ပွဲတွင် ပါဝင်ကြသော တပ်မှူးတပ်သားများ အကြား အပြန်အလှန် သိရှိနားလည်မှု၊ ချစ်ကြည်မှုနှင့် အပြန်အလှန် ယုံကြည်မှုကို တိုးပွားစေပြီး ပူးတွဲ စစ်ရေး လေ့ကျင့်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အခြေခံ အုတ်မြစ် ဖြစ်ကြောင်း၊ ထို့ကြောင့်  ဆိပ်ကမ်းနှင့် ကမ်းခြေလှုပ်ရှားမှုသည် အလွန် အရေးကြီးပြီး ပူးတွဲ စစ်ရေး လေ့ကျင့်ပွဲ၏ မရှိမဖြစ်သော အစိတ်အပိုင်း ဖြစ်ကြောင်း ပြောကြားသည်။

ယခုအကြိမ် ပူးတွဲ စစ်ရေး လေ့ကျင့်ပွဲသည် ၂၅ရက်နေ့တွင် ပင်လယ်ပြင် လေ့ကျင့်မှု အဆင့်သို့ ရောက်ရှိမည် ဖြစ်ကြောင်း၊ လာမည့် ၂ရက် အတွင်း သင်္ဘောများ တပ်ဖွဲ့လိုက် ဖွဲ့စည်း၍ ဆိပ်ကမ်းမှ ထွက်ခွါခြင်း၊ ဆက်သွယ်ရေး၊ ပူးတွဲ ရှာဖွေကယ်ဆယ်ရေး စသည့် လေ့ကျင့်မှုများကို ပြုလုပ်ကြမည် ဖြစ်ကြောင်း သိရသည်။

   Webradio