• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် အာဆီယံ ၁၀နိုင်ငံမှ သံတမန်အရာရှိများနှင့် တွေ့ဆုံ

(GMT+08:00) 2018-10-23 15:21:14

ယခုလ ၂၃ရက်နေ့က တရုတ် နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ပီကင်း တျောက်ယွီထိုင် နိုင်ငံတော် ဧည့်ဂေဟာတွင် အာဆီယံ ၁၀နိုင်ငံမှ သံတမန်အရာရှိများနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဝမ်ယိက တရုတ်-အာဆီယံ ဆက်ဆံမှုသည် တိုးတက်သည့် အချိန်ကာလမှ ရင့်ကျက်သည့် အချိန်ကာလသို့ ရောက်ရှိပြီ ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့သည့် ၁၅နှစ် ပြည့်မြောက်နှစ်ကို အခွင့်ကောင်း အဖြစ် ယူပြီး အပြန်အလှန် ယုံကြည်မှုကို တစ်ဆင့်    တိုးပွားစေပြီး ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ တရုတ်-အာဆီယံ ဆက်ဆံမှုကို အဆင့်သစ်သို့ ရောက်ရှိရန် လက်တွဲ တွန်းအားပေးမည် ဖြစ်ကြောင်း၊ မိမိတို့သည် Belt and Road အဆိုပြုချက်နှင့် "အာဆီယံ မျှော်မှန်းချက် ၂၀၂၅"၊ အာဆီယံ အပြန်အလှန် ဆက်သွယ်ရေး စီမံကိန်းစသည့် မဟာဗျူဟာများ အကြား ညီညွတ်စေရေးကို ဆက်လက် တိုးမြှင့်ကာ ပိုမိုများပြားသည့် နှစ်ဖက်တို့၏ လိုအပ်မှုများနှင့် ကိုက်ညီသော ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်လိုကြောင်း ပြောကြားသည်။

 

   Webradio