• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ ပထမဆုံးဝန်ဆောင်မှုစင်တာကို ဟုန်ချောင်လေဆိပ်၌ တရားဝင်အသုံးပြု

(GMT+08:00) 2018-10-23 12:57:14

ပထမအကြိမ်တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲကို နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ရှန်ဟိုင်းမြို့၌ ကျင်းပမည်ဖြစ်ပြီး ရှန်ဟိုင်းဟုန်ချောင်လေဆိပ် Terminal 2 ရှိ တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲဝန်ဆောင်မှုစင်တာကို ယခုလ ၂၂ ရက်နေ့က စတင်၍ တရားဝင်အသုံးပြုခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

ယင်းသည် ပထမဆုံး တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ၏ ပထမဆုံးဝန်ဆောင်မှုစင်တာ ဖြစ်ပြီး ဧည့်သည်တော်များအတွက် ဧည့်ခံကြိုဆိုခြင်း နှင့် အကြံပေးခြင်းဝန်ဆောင်မှု ပေးရန်ရည်ရွယ်ကြောင်းသိရသည်။

   Webradio