• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဘာသာ စာပေ နိုင်ငံတကာ နှီးနှောဖလှယ်ပွဲ ဖိလစ်ပိုင်တွင် ကျင်းပ

(GMT+08:00) 2018-10-15 18:44:52

တရုတ် ပြည်မကြီး၊ ဟောင်ကောင်၊ မြောက်အမေရိက၊ ဥရောပနှင့် အရှေ့တောင်အာရှ နိုင်ငံနှင့်ဒေသများမှ တရုတ်ဘာသာ စာရေးဆရာ၊ ဖိလစ်ပိုင်ရှိ တရုတ်ဘာသာ စာပေ လေ့လာသူ ပညာရှင် ၄၀ကျော်သည် ဖိတ်ကြားချက်အရ ဖိလစ်ပိုင်တွင် ကျင်းပလျက်ရှိ သော "ဖိလစ်ပိုင်၏ တရုတ်ဘာသာ စာပေ နိုင်ငံတကာ နှီးနှောဖလှယ်ပွဲ"သို့ တက်ရောက် ကြကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

နှီးနှောဖလှယ်ပွဲသို့ တက်ရောက်သူများနှင့် ဖိလစ်ပိုင်ရှိ တရုတ်ဘာသာ စာရေးဆရာများသည် လူဇွန်ကျွန်း အလယ်ပိုင်းရှိ စူဘစ်ပင်လယ်ကွေ့တွင် ၄ရက်ကြာ စာပေခရီးကို စတင်လှည့်လည်ရန် ယခုလ ၁၄ရက်နေ့က မနီလာမြို့မှ ထွက်ခွါခဲ့ကြကြောင်း သိရသည်။

တရုတ် စာရေးဆရာများ အသင်းဝင်၊ ကမ္ဘာ့ တရုတ်ဘာသာ စာပေ သမဂ္ဂ ဒုအတွင်းရေးမှူးချုပ် ပိုင်ရှူရုံက ၁၉၂၀-၃၀ပြည့်နှစ် အချိန်ကာလက ဖိလစ်ပိုင် နိုင်ငံတွင် တရုတ်ဘာသာ စာပေသည် ရှင်သန်ခဲ့ကြောင်း၊ ဟိုအချိန်တုန်းက သက်ဆိုင်ရာ စာကြည့်တိုက်တွင် Lau Shaw၊ Lu Xunနှင့် Xu Zhimo အပါအဝင် နာမည်ကျော် တရုတ် စာရေးဆရာများ၏ ရေးသားပြုစုချက်များ ရှိကြောင်း ပြောကြားသည်။

ဖိလစ်ပိုင်တွင် တရုတ်ဘာသာဖြင့် ရေးသားသည့် လူငယ် စာရေးဆရာများအား အားပေးထောက်ခံသည့် အနေဖြင့် ဖိလစ်ပိုင် တရုတ်ဘာသာ စာရေးဆရာ အသင်း ဥက္ကဋ္ဌ ယိုဖူရှီသည် ရင်းနှီးငွေ ထုတ်ပေးပြီး "ဖိလစ်ပိုင် လူငယ် စာပေဆု"ချီးမြှင့်ပွဲကို ၃ကြိမ်တိုင်တိုင် ကျင်းပခဲ့ဖူးကြောင်း သိရသည်။

   Webradio