• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှန်ဟိုင်း သွင်းကုန် ကုန်စည်ပြပွဲတွင် ကုန်သည်များအတွက် အထူး လှည့်လည်ရေး ခရီးစဉ်နှင့် ရင်းနှီးမြှုပ်နှံမှု တွန်းအားပေးရေး လှုပ်ရှားမှုများကို ကျင်းပပေးမည်

(GMT+08:00) 2018-10-11 16:02:41

        ပထမဆုံးအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကို ယခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း၊ ယခုအကြိမ် ကုန်စည်ပြပွဲတွင် ပါဝင်မည့် ကုန်သည်များအတွက် အထူး လှည့်လည်ရေး ခရီးစဉ် ၄၅ ခုနှင့် ရင်းနှီးမြှုပ်နှံမှု တွန်းအားပေးရေး လှုပ်ရှားမှု အကြိမ်ပေါင်း ၃၀ ကို ကျင်းပပေးမည်ဖြစ်ကြောင်း၊ ယင်းတို့ဖြင့် ရှန်ဟိုင်းမြို့၏ စီးပွားရေးပတ်ဝန်းကျင်အခြေအနေကို မိတ်ဆက်ပြီး ရှန်ဟိုင်းမြို့နှင့် သွင်းကုန်ကုန်စည်ပြပွဲတွင် ပါဝင်သော စီးပွားကုန်သွယ်ရေးအဖွဲ့အစည်း၊ ဌာနများအကြား ရင်းနှီးမြှုပ်နှံမှု တွန်းအားပေးရေးဆိုင်ရာ ကူးလူးဖလှယ်မှုနှင့် ဆက်ဆံမှုကို တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio