• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖူ့ရှင်ဟောင့် သွင်းကုန်ကုန်စည်ပြပွဲအထူးရထား ထွက်ခွာ

(GMT+08:00) 2018-10-11 12:05:59

ယခုလ ၁၀ ရက်နေ့ မနက်၉နာရီတွင် ပထမဆုံး ဖူ့ရှင်ဟောင့် သွင်းကုန်ကုန်စည်ပြပွဲ အထူးမြန်နှုန်းမြင့်ရထားကို ရှန်ဟိုင်း ဟုန်ချောင်ဘူတာရုံမှ ထွက်ခွာခဲ့သည်။ ယင်း သွင်းကုန် ကုန်စည်ပြပွဲဆိုင်ရာ ဗဟုသုတနှင့် အချက်အလက်များ သယ်ဆောင်ထားသော မြန်နှုန်းမြင့် ရထားသည် ဘေကျင်း-ရှန်ဟိုင်း မြန်နှုန်းမြင့်ရထားလမ်းပေါ်တွင် ပထမ ဆုံးအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲပြီးဆုံးမည့် နိုဝင်ဘာ ၁၀ ရက်နေ့အထိ လည်ပတ်မည် ဟု တရုတ်ပြည်သူ့နေ့စဉ်သတင်းစာမှ သတင်းအရသိရသည်။

ပထမဆုံးအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲကို နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ရှန်ဟိုင်းမြို့၌ ကျင်းပမည်ဟု သိရသည်။

   Webradio