![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
နဝမအကြိမ် အနောက်တောင်ပိုင်း ဖိုရမ်နှင့် ဒုတိယအကြိမ် လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး တတ်သိပညာရှင်များအဖွဲ့ ဖိုရမ်ကို မကြာခင်က တရုတ်ပြည် ယူနန်ပြည်နယ် တာ့လီတွင် ကျင်းပခဲ့ကြောင်း၊ ၄င်းဖိုရမ်တွင် လန်ဆန်-မဲခေါင် မြစ်ဝှမ်းဒေသ ရှိတရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် စသည့် နိုင်ငံ ၆နိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့မှ ပညာရှင်များသည် တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေးနှင့် လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။
ယခုအကြိမ် ဖိုရမ်ကို ယူနန် တက္ကသိုလ်၊ တာ့လီ တက္ကသိုလ်နှင့် စင်ကာပူ အမျိုးသား တက္ကသိုလ် အရှေ့အာရှရေးရာ သုတေသနဌာနတို့မှ ပူးတွဲ ဦးစီးကျင်းပကြခြင်း ဖြစ်ကြောင်း၊ ယခုအကြိမ် ဖိုရမ်သည် တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်း၊ လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးကို ဆောင်ပုဒ် အဖြစ် ထားပြီး တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ဦးတည်ချက်သစ်ကို ရှေ့ရှုကာ တိုးတက်ကြီးထွားသည့် အချိန်ကာလတွင် ဝင်ရောက်ပြီး ဖြစ်သော လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး တည်ဆောက်မှု နည်းလမ်းကို စူးစမ်းလေ့လာကြောင်း သိရသည်။
ယူနန်တက္ကသိုလ် ပါတီကော်မတီ အတွင်းရေးမှူး ယန်လင်က ယခုနှစ်သည် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုထားရှိခဲ့သည့် ၁၅နှစ် ပြည့်မြောက်နှစ် ဖြစ်ပြီး လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အနေနှင့် ဖန်တီးပေးရေး အချိန်ကာလမှ တိုးတက်ကြီးထွားသည့် အချိန်ကာလတွင် ဝင်ရောက်ရန် အတွက် သော့ချက်ကျကြောင်းလည်း ပြောကြားသည်။
တရုတ် ဘဏ္ဍာရေး ဝန်ကြီးဌာန နိုင်ငံတကာ ဘဏ္ဍာရေးနှင့် စီးပွားရေး စင်တာ ဒါရိုက်တာချုပ် ကျိုးချန်က Belt and Roadနှင့် လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့ဇောက်ချပြုလုပ်ခြင်းသည် တရုတ်နှင့် အာဆီယံ ၁၀နိုင်ငံတို့ အတွက် အကျိုးကို လက်တွေ့ဆောင်ကြဉ်းလာကြောင်း ပြောကြားသည်။