• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗီယက်နမ် ပထမဆုံး မြို့ပတ် ရထားလမ်း စမ်းသပ် ဖွင့်လှစ်

(GMT+08:00) 2018-09-25 16:05:14

ယခုလ ၂၀ရက်နေ့က တရုတ်ပြည်မှ ဖောက်လုပ်ပေးသော ဗီယက်နမ် နိုင်ငံတွင် ပထမဆုံး မြို့ပတ်ရထားလမ်းကို ဟနွိုင်းမြို့တော်တွင် စမ်းသပ် ဖွင့်လှစ်ခဲ့ကြောင်း၊ ၄င်းရထားလမ်း၏ အရှည်မှာ ၁၃့၅ ကီလိုမီတာ ရှိပြီး ဘူတာရုံ ၁၂ခုရှိကြောင်း၊ စုစုပေါင်း ရင်းနှီးငွေ ပမာဏမှာ အမေရိကန် ဒေါ်လာ ၈၆၈သန်းရှိကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဗီယက်နမ် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ငုယင်ယူတုန်က ၄င်းမြို့ပတ်ရထား စမ်းသပ် ပြေးဆွဲခြင်းကို စစ်ဆေးကြည့်ရှုပြီး ရထားစီး ရာတွင် ၄င်းမြို့ပတ်ရထားလမ်း စမ်းသပ်ဖွင့်လှစ်ခြင်းသည် ၄င်းရထားလိုင်း တရားဝင် စီးပွားဖြစ် လည်ပတ်ခြင်း အတွက် အရေးကြီးသည့် ခရီးမှတ်တိုင် ဖြစ်ကြောင်း၊ ယင်းသည် ခေတ်မီ မြို့ပတ်ရထားလိုင်း တစ်လိုင်း ဖြစ်ပြီး မြို့သူမြို့သားများ အတွက် အဆင်ပြေပြီး သက်တောင့်သက်သာရှိသော သွားလာခြင်း နည်းလမ်း ပေးမည် ဖြစ်ကြောင်း၊ ဗီယက်နမ်နှင့် တရုတ် နှစ်ဖက်တို့သည် ဆက်လက် နွေးထွေးစွာ ပူးပေါင်းဆောင်ရွက်ပြီး စမ်းသပ်ပြေးဆွဲသည့် အဆင့်ကာလတွင် ထိန်းညှိမှုကို အဆက်မပြတ် ပြုလုပ်ပြီး တရားဝင် စီးပွားဖြစ် လည်ပတ်မှု အဆင့်ကာလသို့ တဖြည်းဖြည်း ကူးပြောင်းဝင်ရောက်ရန် ကြိုးပမ်း ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ပြောကြားသည်။

ယခုတွင် ဟနွိုင်းမြို့တွင် အိမ်သုံးကိုယ်ပိုင်ကား ပမာဏ တစ်နေ့တခြား တိုးပွားလာပြီး မြို့တွင်း လမ်းပန်းဆက်သွယ်ရေး အခြေအနေ ဆိုးရွားလာကာ ယာဉ်ကြောပိတ်ဆို့မှုနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာလည်း တစ်နေ့တခြား သိသာထင်ရှားလာကြောင်း၊ မြို့ပတ် ရထားလမ်း ဖွံ့ဖြိုးတိုးတက်ရေးသည် ၄င်းအခြေအနေ ဆိုးရွားမှုကို လျော့ပါးစေ နိုင်မည် ဖြစ်ကြောင်း အကဲခတ်များက ယူဆကြသည်။

   Webradio