• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လာအို-ကမ္ဘောဒီးယား နယ်စပ် အငြင်းပွားမှုကို တိုင်ပင်ဆွေးနွေးခြင်းဖြင့် ဖြေရှင်းရေးသည် win-winဖြစ်

(GMT+08:00) 2018-09-21 15:19:29

လာအို ဝန်ကြီးချုပ် သုန်လွန်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်တို့သည် ယခုလ ၁၃ရက်နေ့က ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့တွင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရာ နှစ်နိုင်ငံ နယ်စပ် ဒေသ ပိုင်နက်နယ်မြေ အငြင်းပွားမှု ပြဿနာနှင့် ပတ်သက်၍ အရေးကြီး သဘောတူညီမှု ရရှိခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယင်းနှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်ရွှမ်က လာအိုနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံ၏ ဘုံအိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း ဖြစ်သည့် အနေနှင့် တရုတ်ပြည်သည် လာအိုနှင့် ကမ္ဘောဒီးယား နှစ်ဖက်က ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး စိတ်ဓါတ်ကို စွဲကိုင်ပြီး တိုင်ပင်ဆွေးနွေးခြင်းဖြင့် အငြင်းပွားမှုကို ကောင်းမွန် သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရန် တလျှောက်လုံး အားပေးထောက်ခံကြောင်း၊ နှစ်နိုင်ငံ အကြား သက်ဆိုင်ရာ ပြဿနာနှင့် ပတ်သက်၍ သဘောတူညီမှု ရရှိခြင်းကို မြင်လို ကြောင်းလည်း ပြောကြားသည်ဟု သိရသည်။

   Webradio