• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ကူမင်းမြို့ဆိုင်ရာ မြန်မာ၊ ဗီယက်နမ်နှင့် လာအို ကောင်စစ်ဝန်ချုပ်ဟောင်းများ ယူနန်သို့ ပြန်လည် ရောက်ရှိ

(GMT+08:00) 2018-09-21 15:18:51

ယခုလ ၂၀ရက်နေ့က တရုတ်ပြည် ယူနန်ပြည်နယ် ဒုအုပ်ချုပ်ရေးမှူး ကျန်းကိုဟွာ သည် ကူမင်းမြို့တွင် မြန်မာ၊ ဗီယက်နမ်နှင့် လာအို ကောင်စစ်ဝန်ချုပ်ဟောင်းများ ကိုယ်စားလှယ် အဖွဲ့ကို တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

မြန်မာ၊ ဗီယက်နမ်နှင့် လာအို ၃နိုင်ငံသည် တရုတ်ပြည် ယူနန်ပြည်နယ်နှင့် တောတောင်ရေမြေချင်း ဆက်စပ်နေကြောင်း၊ ၁၉၉၃ခုနှစ် ဧပြီလ၊ ၁၉၉၃ခုနှစ် စက်တင်ဘာလနှင့် ၂၀၀၄ခုနှစ် ဧပြီလက လာအို၊ မြန်မာနှင့် ဗီယက်နမ် ၃နိုင်ငံသည် ကူမင်းမြို့တွင် ကောင်စစ်ဝန်ချုပ်ရုံးကို ရှေ့ဆင့်နောက်ဆင့် ထားရှိ၊ (သို့) ပြန်လည်ထားရှိခဲ့ ကြောင်း၊ လွန်ခဲ့သည့် ၂၅နှစ် အတွင်း လာအို ကောင်စစ်ဝန်ချုပ် ၆ဦး၊ မြန်မာ ကောင်စစ်ဝန်ချုပ် ၉ဦးနှင့် ဗီယက်နမ် ကောင်စစ်ဝန်ချုပ် ၅ဦးသည် ကူမင်းမြို့တွင် လုပ်ကိုင်ခဲ့ဖူးကြောင်း သိရသည်။

ယူနန်ပြည်နယ် အစိုးရ နိုင်ငံခြားရေးရာရုံးမှ ဖိတ်ကြားချက်အရ ယခုလ ၁၆ရက်နေ့မှ ၂၀ရက်နေ့အထိ ကူမင်းမြို့ဆိုင်ရာ မြန်မာ၊ ဗီယက်နမ်နှင့် လာအို ကောင်စစ်ဝန်ချုပ် ဟောင်းများ၊ ၄င်းတို့၏ ဇနီးများနှင့် သက်ဆိုင်ရာ သံတမန် အရာရှိဟောင်းများ အပါအဝင် ပုဂ္ဂိုလ် ၂၆ဦးသည် ကူမင်း၊ တာ့လီ စသည့် ဒေသများတွင် လည်ပတ်ကြည့်ရှုပြီး တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း ယူနန်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှုများကို ကိုယ်တိုင် ထိတွေ့ခံစားကြကြောင်း၊ ၄င်းတို့က ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခြင်းကြောင့် ယူနန်ပြည်နယ်သည် အပြောင်း လဲကြီး ပြောင်းလဲလာကြောင်း၊ ယူနန်ပြည်နယ်နှင့် ပိုမိုများပြားသော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် မျှော်လင့်ကြောင်း ပြောကြားသည်ဟု သိရသည်။

   Webradio