• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လမုန့်ပွဲတော်

(GMT+08:00) 2018-09-14 15:53:39

လမင်းနှင့်"နေ"သည်ဆန့်ကျင်ဘက်ဖြစ်ပြီး၊ရှေးလူများက"ဓါတ်မ"ဟုဆိုကြပါသည်။တရုတ်ရိုးရာပြက္ခဒိန်မှ"လ"သည်လပြည့်လကွယ်ပြောင်းလဲမှုများအလိုက်သတ်မှတ်ထားခြင်းဖြစ်ပါသည်။တရုတ်လူမျိုးများ သည်လမင်းကိုနှစ်သက်ကြပြီး၊လမင်းသည်လွမ်းဆွတ်မှုများအားတိုင်တည်နိုင်သည်ဟုယူဆကြသဖြင့်၊ ရိုးရာပြက္ခဒိန်(၈)လပိုင်း(၁၅)ရက်၊ဆောင်းဦးအလယ်ပွဲတော်၊လမင်းအဝိုင်းစက်ဆုံးအချိန်တွင်၊လကန် တော့ခြင်း၊လရှုစားခြင်း၊လမုန့်စားခြင်း၊မိသားစုလက်စုံစားခြင်းများပြုလုပ်ကြပါသည်။

ဆောင်းဦးအလယ်ပွဲတော်၏လမင်းသည်အခြားလများ၏(၁၅)ရက်နေ့ထက်ပိုဝိုင်း၍ပိုလင်းပြီးလစန္ဒာကိုရှုစားဖို့အကောင်းဆုံးအချိန်လဲဖြစ်ပါသည်။တခြားဒေသသို့ရောက်ရှိနေကြသောတရုတ်လူမျိုးတို့သည်ထိုအချိန်တွင်လမင်းမှတဆင့်ဇာတိမြေနှင့်ဆွေမျိုးသားချင်းများအပေါ်လွမ်းဆွေးမှုများတသသဖြစ်တတ်

သောကြောင့်ဆောင်းဦးအလယ်ပွဲတော်ကိုလက်စုံပွဲတော်ဟုလည်းခေါ်စမတ်ပြုကြပါသည်။

ရိုးရာဓလေ့အရထိုနေ့တွင်တစ်မိသားစုလုံးသိုက်သိုက်ဝန်းဝန်းရှိပြီးသစ်စီးနှင့်မုန့်မျိုးစုံကိုတည်ခင်းထား

သောစားပွဲတွင်ဝိုင်းထိုင်ကာ၎င်းတို့ထဲတွင်ဖရဲသီးနှင့်လမုန့်တို့မှာမပါမဖြစ်ပါဝင်ရပါသည်။ဖရဲသီးကိုကြာ

ပန်းသဏ္ဍန်ခွဲထားရပြီး၊အေးချမ်းသာယာရေးနှင့်ဘေးကင်းမှုကိုကိုယ်စားပြုပါသည်။လူများသည်လရောင်ရှုစားရင်းစားသုံးကြပါသည်။တရုတ်နိုင်ငံတွင်ဆောင်းဦးအလယ်ပွဲတော်မှာလမုန့်စားရသည့်အကြောင်း

ရင်းမှာ၊အစပိုင်းတွင်လနတ်မင်းကိုပူဇော်ခြင်းဖြစ်ပြီးနောက်ပိုင်းမှာတော့လူများသည်ဆောင်းဦးအလယ်လရောင်ရှုစားခြင်းနှင့်လမုန့်စားခြင်းအားမိသားစုများစုံညီခြင်း၏အမှတ်လက္ခဏာအဖြစ်မှတ်ယူပြီးဆောင်းဦးအလယ်ပွဲတော်နေ့တွင်လမုန့်စားကြပါသည်။

လမုန့်ကိုခွဲခြမ်းစားရပြီး၊တစ်မိသားစုလုံးတွင်လူဦးရေရှိသလောက်အစိတ်လေးများမျှမျှတတခွဲခြမ်းရပါ

သည်။၎င်းအားလက်စုံစားခြင်းဟုလည်းခေါ်တွင်ပါသည်။လမုန့်သည်ယနေ့အချိန်ထိအမျိုးအစားမျိုးစုံ၊အရသာမျိုးစုံရှိနေပါသည်။မြောက်ပိုင်းသားများသည်အချိုလမုန့်ကိုကြိုက်နှစ်သက်ကာ၊ပဲနှစ်၊ဆီးသီးခြောက်၊စသဖြင့်အစာသွပ်နိုင်ပါသည်။တောင်ပိုင်းသားများသည်အငံလမုန့်ကိုကြိုက်နှစ်သက်ကာ၊လမုန့်ထဲတွင်၊ဝက်သားခြောက်(သို့မဟုတ်)ဆားကြက်ဥတို့ကိုအစာသွပ်နိုင်ပါသည်။လမုန့်ကိုအပြင်ပန်းသေသပ်လှပ

စွာပြင်ဆင်ထားပြီးအစာကောင်းကောင်းသွပ်ထားပါကလူအများစားချင်စိတ်၊ဝယ်ချင်စိတ်ပိုမိုဖြစ်ပေါ်ပြီးလက်ဆောင်ပေးရန်အကောင်းဆုံးပစ္စည်းဖြစ်ပါသည်။

တရုတ်လူမျိုးတို့တွင်လနှင့်ပက်သက်ပြီးဒဏ္ဍာရီများစွာရှိပါသည်။လပေါ်မှာဘာဖြစ်လို့သစ်ပင်အရိပ်ရှိနေရတာလဲ။လပေါ်မှာလူရှိနေသလား။ရှေးလူတွေလဲမသိကြတဲ့အတွက်၊ဒဏ္ဍာရီပုံပြင်တွေဖွဲ့ပြီးရှင်းပြတဲ့အထဲမှာ၊ချန်အယ်လပေါ်ထွက်ပြေးသွားတဲ့ပုံပြင်ကတော့အထင်ရှားဆုံးဖြစ်ပါသည်။ဒဏ္ဍာရီထဲတွင်နေပစ်တဲ့သူရဲကောင်းဟုတ်ရိနဲ့ချန်အယ်တို့ဟာအင်မတန်ချစ်ကြတဲ့ဇနီးမောင်နှံတွေဖြစ်ပါတယ်။တစ်ရက်မှာဟုတ်ရိကိုနတ်တစ်ပါးကမသေဆေးလက်ဆောင်ပေးလိုက်ပါတယ်။ဒါပေမယ့်ဟုတ်ရိကချန်အယ်နဲ့မခွဲချင်တဲ့အတွက်၊ဆေးကိုဖွက်ထားလိုက်ပါတယ်။ချန်အယ်ဟာမသေဆေးကတကယ်ဟုတ်မဟုတ်စမ်းသပ်စူးစမ်း

ချင်လွန်းတဲ့အတွက်ဟုတ်ရိမရှိတဲ့အချိန်မှာမသေဆေးကိုခိုးစားလိုက်ပါတယ်။နောက်ဆုံးမှာဆေးစားစားချင်းပဲ၊ချန်အယ်မိုးပေါ်ကိုပျံတက်သွားပြီး၊လမင်းပေါ်ကိုရောက်သွားပါတော့တယ်။ချန်အယ်လည်းလနန်းဆောင်မှာပဲနေလိုက်ရပါတော့တယ်။လနန်းဆောင်မှာအရမ်းအထီးကျန်ပေမယ့်၊နောင်တရနေလည်းပြန်လို့မရတော့ပါဘူး။မြေပေါ်ကလူတွေကတော့လနန်းဆောင်ထဲကချန်အယ်ကိုထူးဆန်းနေကြပြီး၊လရှုစားတဲ့အချိန်မှာချန်အယ်အကြောင်းပြောဆိုကြပါတယ်။ချန်အယ်ဟာလှပနူးညံ့တဲ့မိန်းကလေးတစ်ယောက်

ဖြစ်မယ်လို့လဲထင်မြင်ကြပါတယ်။အဲဒါကြောင့်တရုတ်ယဉ်ကျေးမှုထဲမှာလမင်းက"မ"၊အမျိုးသမီးကိုကိုယ်စားပြုပါတယ်။ရှေးယခင်တည်းကလူသားတွေဟာလမင်းပေါ်မှာချန်အယ်တကယ်ရှိမရှိသွားကြည့်ချင်ခဲ့

ကြတဲ့အတွက်၊တရုတ်နိုင်ငံကပထမဆုံးလပတ်ဂြိုဟ်တုကို"ချန်အယ်အမှတ်(၁)"လို့ခေါ်ဆိုခဲ့ပြီး၊တရုတ်လူမျိုးတွေရဲ့လှပတဲ့အိပ်မက်တွေကိုကိုယ်စားပြုစေခဲ့ပါတယ်။

ဘာသာပြန်

မေကျော့ရှင်း၊ထိုက်လွင်ကို

   Webradio