• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ဆန်-မဲခေါင်မြစ် နိုင်ငံများ ထုတ်လုပ်နိုင်စွမ်းနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကျင်းပ

(GMT+08:00) 2018-09-14 15:01:39

လန်ဆန်-မဲခေါင်မြစ် နိုင်ငံများ ထုတ်လုပ်နိုင်စွမ်းနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်ကို ယခုလ ၁၃ရက်နေ့က တရုတ်ပြည် ကွမ်ရှီးပြည်နယ် နန်နင်းမြို့တွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယင်းဖိုရမ်သည် ၁၅ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နိုင်ငံတကာ ထုတ်လုပ်နိုင်စွမ်းနှင့် အထွေထွေ အသုံးအဆောင်ပစ္စည်း ထုတ်လုပ်မှု ပူးပေါင်း ဆောင်ရွက်ရေး လှုပ်ရှားမှုများတွင် တစ်ခု အပါအဝင် ဖြစ်ကြောင်း၊ ဖိုရမ်၏ ဆောင်ပုဒ်မှာ "ထုတ်လုပ်နိုင်စွမ်း ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့် အတူ ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေး" ဖြစ်ကြောင်း၊ လန်ဆန်-မဲခေါင် ၆နိုင်ငံမှ အစိုးရ လုပ်ငန်းဌာန၊ လုပ်ငန်းသမဂ္ဂ၊ သုတေသနဌာန၊ ငွေကြေး လုပ်ငန်းဌာန၊ ကုမ္ပဏီနှင့် မီဒီယာများမှ ကိုယ်စားလှယ် ၃၀၀နီးပါး ၄င်းဖိုရမ်သို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

   Webradio