![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
တရုတ်ပြည် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ အစိုးရနှင့် တရုတ်ပြည် ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ဝယ်ယူရေး သမဂ္ဂတို့ ဦးစီးကျင်းပသော ဆဌမအကြိမ် တရုတ်- အာဆီယံ ကုန်စည်ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ယခုလ ၁၃ရက်နေ့က နန်နင်းမြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။
တရုတ်၊ ဗီယက်နမ်၊ ထိုင်းနှင့် စင်ကာပူ စသည့် နိုင်ငံများမှ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းမှ ပညာရှင်နှင့် ကုမ္ပဏီ ကိုယ်စားလှယ်များသည် ဖိုရမ်သို့ တက်ရောက် ပြီး "တောင်ဘက် လမ်းကြောင်း တည်ဆောက်ရေးကို အာရုံစိုက်ပြီး ပဲန်ပေပုဝမ်း ပင်လယ်ကွေ့ စီးပွားရေးဇုန် ကုန်စည်ပို့ဆောင်မှု တပြေးညီ ဖြစ်စေရေး တည်ဆောက် ခြင်း"ဟူသော ဆောင်ပုဒ်နှင့် ပတ်သက်၍ ဆွေးနွေးကြောင်း သိရသည်။