• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၅ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နန်နင်းတွင် ဖွင့်လှစ်

(GMT+08:00) 2018-09-12 17:07:25

၁၅ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ ကုန်သွယ်ရေး နှင့်ရင်းနှီးမြှုပ်နှံရေး ထိပ်သီး အစည်းအဝေးကို ယခုလ ၁၂ရက်နေ့က တရုတ်ပြည် ကွမ်ရှီးပြည်နယ် နန်နင်းမြို့တွင် ဖွင့်လှစ်လိုက်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ် နိုင်ငံတော် ကောင်စီ ဒုဝန်ကြီးချုပ် ဟန်ကျင့်၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်၊ မြန်မာ နိုင်ငံတော် ဒုသမ္မတ ဦးမြင့်ဆွေ၊ လာအို ဒုဝန်ကြီးချုပ် စွန်ဒီ ဒေါင်ဒီ၊ ဗီယက်နမ် ဒုဝန်ကြီးချုပ် ဗွန်ဒင်ဟွေ၊ တန်ဇန်းနီးယား ဇန်ဇီဘား ဒုသမ္မတ အီဒီ၊ တရုတ်နှင့် အာဆီယံ နိုင်ငံများက ဝန်ကြီးဌာနများမှ ဝန်ကြီးအဆင့် အရာရှိများ၊ အာဆီယံ အတွင်းရေးမှူးဌာန အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများမှ သက်ဆိုင်ရာ တာဝန်ခံများ သည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖွင့်ပွဲ အခမ်းအနားတွင် ဟန်ကျင့်သည် မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ ဦးမြင့်ဆွေ၊ ဟွန်ဆင်၊ စွန်ဒီ၊ ဗွန်ဒင်ဟွေစသည့် ခေါင်းဆောင်များသည်လည်း မိန့်ခွန်းပြောကြား ခဲ့ကြောင်း သိရသည်။

၎ရက်ကြာ ကျင်းပမည့် ယခုအကြိမ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်- အာဆီယံ ကုန်သွယ်ရေး နှင့်ရင်းနှီးမြှုပ်နှံရေး ထိပ်သီး အစည်းအဝေးသည် "၂၁ရာစု ပင်လယ်ပြင် ပိုးလမ်းမကြီး အတူ တည်ဆောက်ရေးနှင့် တရုတ်-အာဆီယံ ဆန်းသစ်တီထွင်ရေး အသိုက်အဝန်း တည်ဆောက်ရေး"ကို ဆောင်ပုဒ် အဖြစ် ထားကြောင်း၊ အာဆီယံ ဆယ်နိုင်ငံ အပါအဝင် Belt and Road တလျှောက်ရှိ ၂၉နိုင်ငံမှ ကုမ္ပဏီ ၂၇၀၀ကျော် ပါဝင်ကြကြောင်း သိရသည်။

 

 

 

   Webradio