• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"တရုတ် သံအမတ်ကြီး စကောလားရှစ်"သည် ဖိလစ်ပိုင် ကျောင်းသူကျောင်သားများကို ကူညီပံ့ပိုး

(GMT+08:00) 2018-09-11 15:38:48

၂၀၁၃ခုနှစ်က ဖိလစ်ပိုင် နိုင်ငံ ဆိုင်ရာ တရုတ် သံရုံးသည် ဆင်းရဲသော်လည်း ထူးချွန်သော ဖိလစ်ပိုင် ကျောင်းသူကျောင်းသားများအား ကူညီပံ့ပိုးရန် ရည်ရွယ် ထားသော "တရုတ် သံအမတ်ကြီး စကောလားရှစ်"ကို တည်ထောင်ခဲ့ကြောင်း တရုတ် သတင်းဌာနက ဖော်ပြသည်။

ထိုနှစ် နိုဝင်ဘာလ လဆန်းက အဆင့်(၁၇)ရှိ တိုင်ဖုန်မုန်တိုင်းသည် ဖိလစ်ပိုင် တစ်ပြည်လုံးကို ပြင်းထန်စွာ တိုက်ခတ်ခဲ့ခြင်းကြောင့် ဘေးသင့်သူ ၁၁သန်း၈သိန်း ရှိကြောင်း၊ တရုတ် သံအမတ်ကြီး ကျောက်ကျန့်ဟွာသည် ဘေးသင့်ရာ ဒေသသို့ စစ်ဆေး ကြည့်ရှုပြီး ဘေးသင့်ရာဒေသမှ ကျောင်းသူကျောင်းသားများ ကျောင်းပြန်တက်နိုင်အောင် သီးသန့်စကောလားရှစ် တိုး၍ ထားရှိရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ထိုနှစ် နှစ်ကုန်ပိုင်းက "တရုတ် သံအမတ်ကြီး စကောလားရှစ်"သည် ဖိလစ်ပိုင် တက္ကသိုလ်(UP)နှင့် အမျိုးသား ဆရာ အတတ်သင် တက္ကသိုလ်(PNU)တွင် ဝင်ရောက်ခဲ့ကြောင်း၊ ဖိလစ်ပိုင် တက္ကသိုလ် စကောလားရှစ်နှင့် ကျောင်းသူကျောင်းသားရေးရာရုံး ဒါရိုက်တာ နီးလ် ကင်နယ်သ် ဖ် ဂျာမန်ဒါက "တရုတ် သံအမတ်ကြီး စကောလားရှစ်"သည် မိမိတက္ကသိုလ်တွင် ထားရှိသည့် တစ်ခုတည်းသော "သံအမတ်ကြီး စကောလားရှစ်" ဖြစ်ကြောင်း၊ မိမိတက္ကသိုလ် သည် "တရုတ် သံအမတ်ကြီး စကောလားရှစ် ဖောင်ဒေးရှင်း" ဖိလစ်ပိုင် ပီဆိုငွေ ၅သန်းကို သီးသန့်ထားရှိသည်ဟု မိတ်ဆက်ပြောကြားကြောင်း၊ ၄င်းစကောလားရှစ် ထားရှိခြင်း ကြောင့် ဖိလစ်ပိုင် တက္ကသိုလ်မှ ပိုမိုများပြားသည့် ဆရာ၊ ဆရာမနှင့် ကျောင်းသူ ကျောင်းသားများသည် တရုတ်ပြည် အပေါ် အာရုံစိုက်ပြီး သိရှိနားလည်ကာ တရုတ်-ဖိလပ်ပိုင် ဆက်ဆံမှုနှင့် ပတ်သက်၍ ပကတိအတိုင်း ဆင်ခြင်မှုရှိသော အကဲဖြတ်သုံးသပ်မှုကို ပြုလုပ်နိုင်ကြောင်း တရုတ်သတင်းဌာနက ဖော်ပြသည်။

လွန်ခဲ့သော ၄နှစ် အတွင်း "တရုတ် သံအမတ်ကြီး စကောလားရှစ်"သည် ဖိလစ်ပိုင် တက္ကသိုလ်(UP)နှင့် အမျိုးသား ဆရာအတတ်သင် တက္ကသိုလ်(PNU)တွင် တရုတ် ယွမ်ငွေ ၁သန်း၉သိန်း ထုတ်ပေးပြီး ဆင်းရဲသော ဖိလစ်ပိုင် ကျောင်းသူကျောင်းသား ၁၇၈ဦးကို ကူညီပံ့ပိုးခဲ့ကြောင်း သိရသည်။

   Webradio