• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် ပညာရေး တိုးတက်မှု လမ်းကြောင်းကို စွဲကိုင်ရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2018-09-11 09:47:40

တရုတ် ပြည်လုံးဆိုင်ရာ ပညာရေး အစည်းအဝေးကို ယခုလ ၁၀ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းအဝေးမှာ မိန့်ခွန်း ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ ပါတီ၏ ဦးဆောင်မှုဖြင့် ပါတီ၏ ပညာရေး မူဝါဒများကို ဘက်စုံ အကောင်အထည်ဖေါ်ဆောင်ရမည် ဖြစ်ပြီး မာ့က်စ်ဝါဒ၏ လမ်းညွှန်မှုကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် ပညာရေး တိုးတက်မှု လမ်းကြောင်းကို စွဲကိုင်ရမည် ဖြစ်ပြီး ဆိုရှယ်လစ် ပညာရေး ဦးတည်ချက်ကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် ဆန်းသစ်တီထွင်ရေးကို စွဲကိုင်ပြီး ဆန္ဒ စုစည်းခြင်း၊ အကျင့်စာရိတ္တ ပြည့်စုံကောင်းမွန်လာအောင် ဆောင်ရွက်ခြင်း၊ လူ့စွမ်းအား အရင်းအမြစ်ကို ဖေါ်ထုတ်ခြင်း၊ လူရည်ချွန်များကို မွေးထုတ်ခြင်း၊ ပြည်သူပြည်သားများအတွက် အကျိုး ဆောင်ပေးခြင်းတို့ကို ရည်မှန်းချက် အဖြစ် ထားရမည် ဖြစ်ကြောင်း၊ အကျင့်စာရိတ၊္တ ဉာဏ်ရည်၊ ကာယ၊ ရသ သဘော သိမြင်ခြင်းနှင့် အလုပ် လုပ်ဆောင်ခြင်း အပါအဝင် ကဏ္ဍစုံ ဆိုရှယ်လစ်လုပ်ငန်း တည်ထောင်သူနှင့် ဆက်ခံသူများကို မွေးထုတ်ရမည် ဖြစ်ကြောင်း၊ ပညာရေး ခေတ်မီရေးနှင့် ပညာရေး အင်အား တောက်တင်းသောနိုင်ငံ ဖြစ်လာအောင် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

စက်တင်ဘာလ ၁၀ ရက်နေ့သည် တရုတ်ပြည် ၃၄ ကြိမ်မြောက် ဆရာ ဆရာမများ ပွဲတော်နေ့ ဖြစ်သည်။ မိန့်ခွန်းပြောကြားရာ၌ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တစ်ပြည်လုံး ကျောင်းဆရာ ဆရာမများနှင့် ပညာရေး ဝန်ထမ်းများအား နှုတ်ခွန်းဆက်သခဲ့ပါသည်။ ရှီကျင့်ဖိန်က၊ ပါတီ တစ်ရပ်လုံးနှင့် ပြည်သူ တစ်ရပ်လုံး အနေနှင့် ပညာရေးနှင့် ဆရာ ဆရာများကို လေးစားသောအကျင့် ထွန်းကားလာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆရာ ဆရာမများ၏ နိုင်ငံရေး၊ လူမှုရေး၊ အလုပ်နယ်ပယ်အရ အဆင့်နေရာကို တိုးမြှင့်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင် အဖွဲ့ အမြဲတမ်း ကော်မတီဝင်များသည် ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက်ပြီး နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်လည်း မိန့်ခွန်း ပြောကြားခဲ့ပါသည်။

   Webradio