• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီး အစည်းအဝေး ကျင်းပမည်

(GMT+08:00) 2018-09-10 12:14:31

၁၅ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီး အစည်းအဝေးကို ယခုလ ၁၂ရက်နေ့မှ ၁၅ရက်နေ့အထိ တရုတ်ပြည် ကွမ်ရှီးပြည်နယ် နန်နင်းမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

လွန်ခဲ့သည့် ၁၄ကြိမ် ထိပ်သီး အစည်းအဝေးများတွင် တရုတ်နှင့် အာဆီယံ နိုင်ငံများမှ ထိပ်သီးခေါင်းဆောင် ၅၀သည် ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက် မိန့်ခွန်းပြောကြား ခဲ့ကြောင်း၊ ဝန်ကြီးအဆင့် အစိုးရ အဆင့်မြင့် အရာရှိ ၁၅၀၀ကျော် တက်ရောက် ခဲ့ကြောင်း၊ စီးပွားကုန်သွယ်ရေး လှုပ်ရှားမှု ၂၀၀ကျော်ကို ကျင်းပပြီး နာမည်ကျော် လုပ်ငန်းကုမ္ပဏီများ မှ အဆင့်မြင့် တာဝန်ခံနှင့် ပညာရှင် ၅သောင်းကျော် အစည်းအဝေးများသို့ တက်ရောက်ပြီး တရုတ်-အာဆီယံ နိုင်ငံရေးနှင့် စီးပွားကုန်သွယ်ရေး ကူးလူးဖလှယ်ခြင်းနှင့် ဆွေးနွေးခြင်း အတွက် ကောင်းမွန်သော ပလက်ဖောင်း တည်ဆောက်ခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်များ အတွင်း တရုတ်-အာဆီယံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီး အစည်းအဝေးသည် နိုင်ငံရေးနှင့် စီးပွားရေး ညှိနှိုင်းဆွေးနွေးမှု၊ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှု ဆိုင်ရာ ကူးလူးဖလှယ်မှုများကို တက်ကြွစွာ တွန်းအားပေးပြီး ပိုမိုနွေးထွေး သော တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေး အတွက် အရေးကြီးသည့် တွန်းအားပေးမှု အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။

သက်ဆိုင်ရာ ပုဂ္ဂိုလ်များက အနာဂတ်တွင် ယင်းထိပ်သီးအစည်းအဝေး၏ ဆွေးနွေးရေး ခေါင်းစဉ်များသည် Belt and Road တည်ဆောက်ရေး၊ တရုတ်နှင့် အာဆီယံ လက်တွဲ ဖွံ့ဖြိုးတိုးတက်ရေး၏ လိုအပ်မှုနှင့် ကိုက်ညီရန် လိုကြောင်း၊ ပုံမှန်သော နှစ်ဖက် ကုမ္ပဏီများ လိုအပ်မှု ဆိုင်ရာ ကူးလူးဆက်ဆံရေး စနစ်ကို တည်ဆောက်ရန် လိုအပ်ကြောင်း၊ ထို့အပြင်၊ နိုင်ငံတကာ ထုတ်လုပ်နိုင်စွမ်း ပူးပေါင်းဆောင်ရွက်ရေးကို ထိပ်သီးအစည်းအဝေး၏ ကျားကန်ပေးမှုဖြင့် တက်ကြွနက်ရှိုင်းစွာ တွန်းအားပေးရန် လိုအပ်ကြောင်းလည်း ယူဆသည်ဟု ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။

   Webradio