• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ ဘေးအန္တရာယ် လျှော့ပေါ့ရေး နှီးနှောဖလှယ်ပွဲ ကျင်းပ

(GMT+08:00) 2018-09-06 16:02:40

      တရုတ်-အာဆီယံ ဘေးအန္တရာယ် လျှော့ပေါ့ရေး နှီးနှောဖလှယ်ပွဲကို ယခုလ ၅ရက်နေ့မှ ၆ရက်နေ့အထိ တရုတ်ပြည် ကွမ်ရှီးပြည်နယ် နန်နင်းမြို့တွင် ကျင်းပနေကြောင်း၊

တရုတ်၊ ဗီယက်နမ်၊ လာအို၊ မြန်မာနှင့် ဖိလစ်ပိုင်စသည့် နိုင်ငံများက ဘေးအန္တရာယ် စီမံခန့်ခွဲရေး လုပ်ငန်းဌာနများမှ အရာရှိများနှင့် ပညာရှင်များသည် ၄င်းနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရာတွင် ဒေသတွင်း ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လျှော့ပေါ့ရေး နှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

၎င်းနှီးနှောဖလှယ်ပွဲတွင် တရုတ် အရေးပေါ် စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဘေးအန္တရာယ် ကယ်ဆယ်ရေး ဦးစီးဌာန ညွှန်ချုပ် ဖန်ချင်မင်က မကြာခင် နှစ်များက ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု အခြေအနေမျိုးတွင် အာရှနှင့် ပစိဖိတ်ဒေသရှိ သဘာဝ ဘေးအန္တရာယ် အပါအဝင် သမရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများသည် တစ်နေ့တခြား ရှုပ်ထွေးလာကြောင်း၊ တရုတ်နှင့် အာဆီယံ နိုင်ငံများသည် တောတောင်ရေမြေချင်း ဆက်စပ်နေပြီး သဘာဝ ဘေးအန္တရာယ် ရင်ဆိုင်ရေးတွင် ကူညီပံ့ပိုမှုနှင့် အားပေး ထောက်ခံမှုများကို အပြန်အလှန် ပြုလုပ်ပြီး ဒေသတွင်း ဘေးအန္တရာယ် လျှော့ပေါ့ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်း၌ အောင်မြင်မှုများ အဆက်မပြတ် ရရှိကြောင်း ပြောကြားသည်။

အာဆီယံ ဘေးအန္တရာယ် စီမံခန့်ခွဲရေး စာနာထောက်ထားမှု ရေးရာ ညှိနှိုင်းရေး စင်တာ ဆက်သွယ်ရေး နည်းပညာ ဆိုင်ရာ အမှုဆောင် ဒါရိုက်တာ အီရာဗန်က နှစ်စဉ်နှစ်တိုင်း အာဆီယံ၏ စီးပွားရေး ဆုံးရှုံးနစ်နာမှု ပမာဏ၏ ၄ပုံ၁ပုံခန့်သည် သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်ကြောင်း၊ အာဆီယံ ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားပြီး အခြေအနေကို တရားနည်းလမ်းကျစွာဖြင့် ထိန်းချုပ် ရမည် ဖြစ်ကြောင်း ပြောကြားသည်။

မကြာခင် နှစ်များက ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လျှော့ပေါ့ရေး လုပ်ငန်းဌာနများကို တရုတ်နှင့် အာဆီယံ ဒေသတွင် ရှေ့ဆင့်နောက်ဆင့် တည်ထောင် ခဲ့ကြောင်း၊ အာဆီယံ အတွင်းရေးမှူးဌာန လက်အောက်ခံ ဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် စာနာထောက်ထားမှု ဌာနမှ အရာရှိ တစ်ဦးက မကြာခင် နှစ်များက တရုတ်ပြည်သည် အာဆီယံအား ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လျှော့ပေါ့ရေး နည်းပညာ၊ ကျွမ်းကျင်သူနှင့် လေ့ကျင့်ပျိုးထောင်မှုများ ပေးကြောင်း ပြောကြားသည်ဟု သိရသည်။

   Webradio