• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-စင်ကာပူ အပြန်အလှန် ဆက်သွယ်ရေး လုပ်ငန်း၏ တောင်ဘက်လိုင်းသည် နိုင်ငံနှင့် ဒေသ ၅၅ခုမှ ဆိပ်ကမ်း ၁၀၇ခုနှင့် ချိတ်ဆက်နေ

(GMT+08:00) 2018-08-27 15:15:56

တရုတ်-စင်ကာပူ အပြန်အလှန် ဆက်သွယ်ရေး လုပ်ငန်း၏ တောင်ဘက်လိုင်း တစ်နှစ်ခန့်ကြာ ပုံမှန် လည်ပတ်ခဲ့သည့်နောက်ပိုင်းတွင် နိုင်ငံနှင့် ဒေသ ၅၅ခုမှ ဆိပ်ကမ်း ၁၀၇ခုနှင့် ချိတ်ဆက်နေကြောင်း မကြာခင်က တရုတ်ပြည် ချုံချင့်မြို့တွင် ကျင်းပခဲ့သော တရုတ် နိုင်ငံတကာ စမတ် လုပ်ငန်း ကုန်စည်ပြပွဲမှ သတင်းကို ကိုးကား၍ ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။

၎င်းတောင်ဘက်လိုင်း လုပ်ငန်း အစီအစဉ်သည် တရုတ်-စင်ကာပူ(ချုံချင့်) မဟာဗျူဟာမြောက် အပြန်အလှန် ဆက်သွယ်ရေး စံနမူနာ ပြသမှု လုပ်ငန်းရပ်၏ အရေးကြီး အစိတ်အပိုင်း ဖြစ်ကြောင်း၊ ၄င်းလိုင်းသည် ချုံချင့်ကို လုပ်ကိုင်ဆောင်ရွက်ရေး ဗဟိုစင်တာအဖြစ် ထားပြီး ကွမ်ရှီး၊ ကွေ့ကျိုးနှင့် ကန်းစုပြည်နယ်များကို သော့ချက်ကျရာ အဖြစ် ထားကြောင်း၊ ကုန်ပစ္စည်းများ ချုံချင့်မှ ရထားလမ်းဖြင့် ကွမ်ရှီး ပေပုဝမ်း ပင်လယ်ကွေ့သို့ ရောက်ရှိပြီး ပင်လယ်ရေကြောင်းဖြင့် စင်ကာပူ စသည့် နိုင်ငံများသို့ တစ်ဆင့် သယ်ယူပို့ဆောင်ကြောင်း၊ ဒီလိုနဲ့ အရှေ့ပိုင်းဒေသမှ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးဖြင့်ထက် ၁၀ရက်ခန့် သက်သာစေနိုင်ကြောင်း သိရသည်။

တရုတ်-စင်ကာပူ(ချုံချင့်) မဟာဗျူဟာမြောက် အပြန်အလှန် ဆက်သွယ်ရေး စံနမူနာ ပြသမှု လုပ်ငန်းရပ် စီမံခန့်ခွဲရေး ဌာန ဌာနမှူး ဟန်ပေါင်ချမ်းက တောင်ဘက်လိုင်း၏ ရထားနှင့် သင်္ဘော ပူးတွဲ သယ်ယူပို့ဆောင်ရေး ခရီးကို ၂၀၁၇ခုနှစ် စက်တင်ဘာလက စတင် ပုံမှန်လည်ပတ်ပြီး ယခုနှစ် ဇူလိုင်လ ၃၁ရက်နေ့အထိ စုစုပေါင်း ၂၆၈ခရီးကို ပြုလုပ်ခဲ့ကြောင်း၊ ယခုတွင် စင်ကာပူ၊ ဂျပန်၊ သြစတြေးလျနှင့် ဂျာမဏီ အပါအဝင် နိုင်ငံနှင့် ဒေသ ၅၅ခုမှ ဆိပ်ကမ်း ၁၀၇ခုနှင့် ချိတ်ဆက်နေကြောင်း ပြောကြားသည်ဟု သိရသည်။

 

   Webradio