• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ပထမဆုံးအကြိမ်တရုတ်နိုင်ငံတကာစမတ်လုပ်ငန်းကုန်စည်ပြပွဲသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

(GMT+08:00) 2018-08-24 10:38:20

ပထမဆုံးအကြိမ် တရုတ်နိုင်ငံတကာစမတ်လုပ်ငန်းကုန်စည်ပြပွဲကို ယခုလ ၂၃ ရက်နေ့က ချုံချင့်မြို့၌ ဖွင့်လှစ်ခဲ့ရာ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ကုန်စည်ပြပွဲသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ရှီကျင့်ဖိန်က အင်တာနက်၊ big data ၊ AI ကိုယ်စားပြုသော မျိုးဆက်သစ် အချက်အလက်နည်းပညာသည် တစ်နေ့ထက်တစ်နေ့ ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ ဒီဂျစ်ဒယ်စီးပွားရေးနှင့် စီးပွားရေးလုပ်ငန်းအုပ်စုများ ပေါင်းစပ်ဖွံ့ဖြိုးရေးကို တိုးမြှင့်ပြီး လုပ်ငန်းသစ် အသွင်ပုံစံသစ်ဖန်တီးခြင်းသည် နိုင်ငံအသီးသီး ရင်ဆိုင်နေရသော တူညီသည့်တာဝန် ဝတ္တရားဖြစ်ကြောင်း ပြောကြားသည်။

   Webradio