• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မာဟာသီယာ၏ တရုတ် ခရီးစဉ်သည် မလေးရှား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အထောက်အကူ ပြုစေမည်ဟု မလေးရှားမီဒီယာဖော်ပြ

(GMT+08:00) 2018-08-23 15:40:43

မလေးရှားနိုင်ငံ ဝန်ကြီးးချုပ်မာဟာသီယာသည် ယခုလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ တရုတ်ပြည်တွင် တရားဝင်ခရီးလှည့်လည်ခဲ့ပြီး၊ ယင်းနှင့် ပတ်သက်၍ မလေးရှားမီဒီယာများသည်၊ ဆောင်းပါးအသီးသီးရေးသားခဲ့ရာ၊ မလေးရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှု ရှေ့အလားအလာအပေါ် အကောင်းဘက်မှ မြင်ကြောင်းဖော်ပြသည့် အပြင်၊ မာဟာသီယာ၏ တရုတ်ခရီးစဉ်တွင် ရှရှိခဲ့သည့် အောင်ကျိုးရလဒ်များသည် မလေးရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုသွားစေမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

မလေးရှား Sinchew Daily သတင်းစာမှ "မလေးရှား-တရုတ် ဆက်ဆံမှု အဆင့်သစ်သို့ ရောက်ရှိရန်" ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်တွင် မာဟာသီယာ ၏ယခုအကြိမ် တရုတ် ခရီးစဉ်သည် အနာဂတ်တွင် နှစ်နိုင်ငံ၏ ချစ်ကြည်ရေး ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရန် အတွက် ခိုင်မာသော အခြေခံ အုတ်မြစ် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံမှုကို အဆင့်သစ်သို့ ရောက်ရှိနိုင်အောင် တွန်းအားပေးရန် သဘောတူညီမှု ရရှိခဲ့ကြောင်း၊ ယခုအကြိမ် ခရီးစဉ်ဖြင့် မလေးရှားနှင့် တရုတ်ပြည်၏ ကုန်သွယ်မှု ပမာဏသည် တစ်ဆင့်တိုးပွားရန် ရှေ့အလားလာ ရှိကြောင်း၊ ယင်းသည် မလေးရှား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အကျိုးရှိမည် ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

မလေးရှားနိုင်ငံ၏ "တရုတ် သတင်းစာ"မှ "လွတ်လပ်သော ကုန်သွယ်ရေးကို အတူ ထိန်းသိမ်းကာကွယ်ရန်" ဟူသော ခေါင်းစဉ်ဖြင့် ဝေဖန်သုံးသပ်ရေး ဆောင်းပါးတစ်ပုဒ်တွင် တရုတ်ပြည်မှ Belt and Roadအဆိုပြုချက်ကို တွန်းအားပေးခြင်းသည် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း တွန်းအားပေးရေးကို တရုတ်ပြည် အနေနှင့် စွဲကိုင်ခြင်း၏ သက်သေပြချက် ဖြစ်ကြောင်း၊ မလေးရှား အနေနှင့် ၄င်းအခွင့်ကောင်းကို လက်မလွှတ်ဘဲ တက်ကြွစွာ တုံ့ပြန်ထောက်ခံသင့်ကြောင်း၊ Belt and Road အဆိုပြုချက်မှ ဆောင်ကြဉ်း လာမည့် စီးပွားကုန်သွယ်ရေး ဆိုင်ရာ အကျိုးစီးပွားများသည် မလေးရှား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံသည် အပြန်အလှန် အကျိုးရှိစေရေးကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

မလေးရှား ကွမ်ဟွာ နေ့စဉ် သတင်းစာမှ ခေါင်းကြီးပိုင်းတွင် မာဟာသီယာ၏ ယခုအကြိမ် တရုတ် ခရီးစဉ်၌ ဒီဂျစ်တယ် သိပ္ပံနည်းပညာနှင့် စွမ်းအင်သစ်သုံးယာဉ် စသည့် နယ်ပယ်များ၌ မလေးရှားနှင့် တရုတ် ကုမ္ပဏီများ အကြား ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် အလေးထား တွန်းအားပေးခဲ့ကြောင်း၊ ယင်းသည် အမျှော်အမြင်ရှိကြောင်း ရေးသား ဖော်ပြသည်။

   Webradio