• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးသည် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခန်းကဏ္ဍသစ် ဖွင့်လှစ်ပေးဟု တရုတ်နိုင်ငံဆိုင်ရာ ဂျာမဏီသံအမတ်ကြီးဟောင်းဆို

(GMT+08:00) 2018-08-23 11:10:12

        ဂျာမဏီ BMW ရန်ပုံငွေအဖွဲ့ဥက္ကဋ္ဌ မိုင်ကယ်-ရှယ်ဖယ်သည် ၂၀၀၇ခုနှစ်မှ ၂၀၁၃ခုနှစ်အထိ တရုတ်နိုင်ငံဆိုင်ရာ ဂျာမဏီသံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၃၁ နှစ်ကြာ သံတမန်ဘဝအတွင်းတွင် ၄င်းသည် တရုတ်-ဂျာမဏီ ဆက်ဆံမှု အဆင့်သစ်သို့ ရောက်ရှိခဲ့သည့် သမိုင်းဝင် အခါသမယကို ကိုယ်ထိလက်ရောက် တွေ့မြင်ခဲ့သည်။ လွန်ခဲ့သည့် နှစ် ၄၀ သမိုင်းကြောင်းကို သုံးသပ်ခဲ့ရာ မိုင်ကယ်-ရှယ်ဖယ်က ကမ္ဘာကြီးသည် အပြောင်းလဲကြီး ပြောင်းလဲခဲ့ပြီး တရုတ်ပြည်၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးသည် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခန်းကဏ္ဍသစ် ဖွင့်လှစ်ပေးကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        မျက်မှောက်အချိန်တွင် နိုင်ငံတကာအခြေအနေ ရှုပ်ထွေးပြီး အမြဲ ပြောင်းလဲလျက်ရှိကြောင်း၊ မကြာခင်ရက်များက အမေရိကန်နိုင်ငံ၏ တရုတ်၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် မက္ကဆီကို စသည့် ကုန်သွယ်ရေးဖက်နိုင်ငံများ၏ ကုန်ပစ္စည်းများအား အခွန်တိုးကောက်ခြင်း လုပ်ရပ်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကြောင်း၊ စီးပွားရေး ဂလိုဘယ်လိုင်ဇေးရှင်းဖြစ်စဉ်ကို ဆောင်ရွက်သည့် အတောအတွင်းတွင် လွတ်လပ်သော နိုင်ငံတကာ ကုန်သွယ်မှု ထိန်းသိမ်း ကာကွယ်ရေးသည် တရုတ်-ဂျာမဏီ နှစ်နိုင်ငံအနေနှင့် အစဉ်တစိုက် စွဲကိုင်ကြသော မူဝါဒဖြစ်ပြီး တရုတ်-ဂျာမဏီနှစ်နိုင်ငံအပြင် နိုင်ငံအသီးသီးတို့ ထမ်းဆောင်ကြရသော တာဝန်လည်းဖြစ်ကြောင်း မိုင်ကယ်-ရှယ်ဖယ်က အလေးထားပြောကြားသည်။

   Webradio