• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗီယက်နမ် စီးပွားရေး အပေါ် ကုန်သွယ်မှု စစ်ပွဲမှ မည်သို့ ထိခိုက်မှုများ ရှိသလဲ

(GMT+08:00) 2018-08-22 15:26:25

မကြာခင်က ဗီယက်နမ် အကောက်ခွန်ရုံးချုပ်မှ ထုတ်ပြန်သော စာရင်းတွင် ဗီယက်နမ် ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမည်စာရင်းတွင် တရုတ်နှင့် အမေရိကန်သည် အဌမနှင့် နဝမ နေရာ၌ အသီးသီး ရှိနေကြောင်း၊ တရုတ်ပြည်သည် ဗီယက်နမ်၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်ကြောင်း၊ အမေရိကန်သည် ဗီယက်နမ် ကုန်ပစ္စည်းကို တင်သွင်းမှု ပမာဏ အများဆုံးသော နိုင်ငံ ဖြစ်ပြီး အမေရိကန် ဈေးကွက်တွင် ဗီယက်နမ် ကုန်ပစ္စည်း၏ ပိုင်ဆိုင်မှုနှုန်းမှာ ၁၉ရာခိုင်နှုန်းရှိကြောင်း၊ ယခု အမေရိကန်မှ တစ်ဖက်သတ် လှုံ့ဆော်သော ကုန်သွယ်မှု စစ်ပွဲသည် တရုတ်ပြည် အပေါ် ဂယက်ရိုက်ခတ်ရုံသာမကဘဲ ဗီယက်နမ် အပေါ်လည်း ဂယက်ရိုက်ခတ်မည် ဖြစ်ကြောင်း ဖော်ပြသည်။

လက်ရှိအချိန်တွင် ဗီယက်နမ် စီးပွားရေးသည် ကမ္ဘာ့ စီးပွားရေးတွင် နက်ရှိုင်းစွာ ပါဝင်ဆောင်ရွက်ပြီး ကမ္ဘာ့ထောက်ပံ့ရေး စနစ်၏ မြစ်ကြေပိုင်းတွင် ရှိနေကြောင်း၊ ထို့ကြောင့် ၄င်းကုန်သွယ်မှု စစ်ပွဲသည် ဗီယက်နမ် အပေါ် ထိခိုက်မှုလည်း ရှိကြောင်း၊ အကြောင်းရင်း များစွာရှိကြောင်း၊ ပထမအချက်က ကမ္ဘာ့ ကုန်သွယ်ရေး စနစ်တွင် တရုတ်ပြည်သည် ဗီယက်နမ်၏ မြစ်ညာပိုင်းတွင် ရှိ၍ တရုတ်ပြည်သို့ တင်ပို့သော ဗီယက်နမ် ကုန်ပစ္စည်းနှင့် ကုန်ကြမ်းများစွာကို တရုတ်ပြည်တွင် အချောကိုင်ပြီး တရုတ်ပြည် မှတဆင့် နောက်ဆုံးတွင် အမေရိကန်သို့ တင်ပို့ရောင်းချခြင်း ဖြစ်ကြောင်း၊ ကုန်သွယ်မှု စစ်ပွဲကြောင့် တရုတ် ကုန်ပစ္စည်းများကို အမေရိကန်သို့ တင်ပို့ရန် ကန်သတ်မှု ခံရပြီး ဗီယက်နမ်၏ သက်ဆိုင်ရာ လုပ်ငန်းများ အပေါ် ထိခိုက်စေကြောင်း၊ ဒုတိယ အချက်ကတော့ တရုတ် ကုန်ပစ္စည်းများကို အမေရိကန်သို့ တင်ပို့ရန် ကန်သတ်မှု ခံ၍ ဗီယက်နမ် အပါအဝင် အခြားနိုင်ငံများသို့ တိုးချဲ့ တင်ပို့လိမ့်မည် ဖြစ်ပြီး ဗီယက်နမ်၏ ဈေးကွက်နှင့် သက်ဆိုင်ရာ လုပ်ငန်းများ အပေါ် ထိခိုက်မှု ရှိမည် ဖြစ်ကြောင်း၊ ကုန်သွယ်မှု စစ်ပွဲကြောင့် ဗီယက်နမ်၏ ဂျီဒီပီ တိုးနှုန်းမှာ ၀့၅ရာခိုင်နှုန်းမှ ၁ရာခိုင်နှုန်း အကြား ဆုံးရှုံးမည်ဟု Standard Chartered Bankမှ ခန့်မှန်းချက်အရ သိရကြောင်း၊ တတိယ အချက်က အမေရိကန်မှ တစ်ဖတ်သတ် လှုံ့ဆော်သော ကုန်သွယ်မှု စစ်ပွဲကြောင့် အမေရိကန် ဒေါ်လာနှင့် အခြား နိုင်ငံများ၏ ငွေကြေးများ၏ လဲလှယ်နှုန်းသည် ဆက်တိုက် အားကောင်းလာ၍ ၂၀၁၈ခုနှစ်တွင် ဗီယက်နမ် ဒေါင်ငွေ တန်ဖိုး ၁့၅ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ပြည်တွင်း ငွေကြေးဖောင်းပွမှု ဖိအား တိုးပွားလာကာ ဗီယက်နမ် အစုရှယ်ယာ ဈေးကွက်သည်လည်း ထိခိုက်မှု ခံရကြောင်း၊ တတိယ အချက်က မကြာခင် နှစ်များက ဗီယက်နမ် စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပေါ် လွန်စွာ မှီခိုအားထားရကြောင်း၊ အမေရိကန်မှ ကုန်သွယ်မှု ဆိုင်ရာ ကိုယ်ကျိုးစီးပွားကာကွယ်မှု ဦးမော့လာခြင်းသည် ဗီယက်နမ်တွင် နိုင်ငံခြား ကုမ္ပဏီ အချို့၏ ရင်းနှီးမြှုပ်နှံရန် ဆန္ဒကို လျော့နည်းစေကြောင်း စီအာအိုင်က ဖော်ပြသည်။

ဗီယက်နမ် ပညာရှင် အချို့က ဗီယက်နမ် စီးပွားရေး အပေါ် နိုင်ငံတကာ ကုန်သွယ်မှု အခြေအနေမှ ဆောင်ကြဉ်းလာသော မရေမရာ ဖြစ်မှုများကို ရင်ဆိုင်ရေး အတွက် တစ်ဖက်က ဗီယက်နမ် အစိုးရ အနေနှင့် သက်ဆိုင်ရာ မူဝါဒကို ပြန်လည် ထိန်းညှိရန် လိုအပ်ကြောင်း၊ နောက်တစ်ဖက် ကတော့ ဗီယက်နမ်၏ အမျိုးသား ကုမ္ပဏီများ ကြီးမား တောင့်တင်းအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်တွင်းဈေးကွက်ကို ဖော်ထုတ်ရန်လည်း လိုအပ်ကြောင်း ယူဆကြသည်။

   Webradio