• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အသေးစားကုမ္ပဏီများအား ငွေကြေးလုပ်ငန်းဌာနများ ချေးငွေ ပိုမိုထုတ်ပေးရန် တရုတ်ဗဟိုဘဏ်တွန်းအားပေးမည်

(GMT+08:00) 2018-08-22 12:04:19

        မကြာခင်ရက်များအတွင်း အသေးစား ကုမ္ပဏီများ ငေရင်းရှာဖွေစုဆောင်းရန် ကြုံတွေ့ရသော အခက်အခဲများကို အာရုံစိုက်နေကြခြင်းနှင့်ပတ်သက်ပြီး တရုတ် ပြည်သူ့ ဘဏ် ဒုဥက္ကဋ္ဌ ကျူဟိုရှင်းက မျက်မှောက်အချိန်တွင် ငွေကြေး လုပ်ငန်းဌာနတို့သည် အသေးစားကုမ္ပဏီများအား ချေးငွေ ပိုမို ထုတ်ပေးလျက်ရှိကြောင်း၊ အသေးစား ကုမ္ပဏီများ ငွေရင်းရှာဖွေစုဆောင်းရာတွင် ကြုံတွေ့သောအခက်အခဲများနည်းပါးလာပြီး ၄င်းတို့အား ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများလည်း အဆက်မပြတ် ကောင်းမွန် ပြည့်စုံလာကြောင်း၊ အနာဂတ်တွင် တရုတ်ပြည်သူ့ဘဏ်သည် ငွေကြေးပေါ်လစီများ၏ လမ်းညွှန်မှုကို တိုးမြှင့်ပြီး ငွေစုငွေချေးပေါ်လစီများဖြင့် ပြန်လည်ငွေချေးခြင်းနှင့် လက်ငင်းငွေထုတ်ယူခြင်းတို့ကို ထောက်ခံပြီး အသေးစားကုမ္ပဏီများအား ငွေကြေး လုပ်ငန်းဌာနများ ချေးငွေ ပိုမိုထုတ်ပေးရန် တွန်းအားပေးမည်ဖြစ်ကြောင်း ယခုလ ၂၁ ရက်နေ့က နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးက ကျင်းပခဲ့သော နိုင်ငံတော် ကောင်စီ ပေါ်လစီဆိုင်ရာ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        ကျူဟိုရှင်းက အသေးစား ကုမ္ပဏီများ ငွေရင်းရှာဖွေစုဆောင်းရန် ကြုံတွေ့ရ သော အခက်အခဲများကိုဖြေရှင်းပေးရန်အတွက် ယခုနှစ်အတွင်း တရုတ်ပြည်သူ့ဘဏ်သည် တရုတ် ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်း ကြီးကြပ်စစ်ဆေးရေး နှင့် စီမံခန့်ခွဲရေး ကော်မရှင်၊ တရုတ် စတော့ရှယ်ယာ ကြီးကြပ်စစ်ဆေးရေး နှင့် စီမံခန့်ခွဲရေး ကော်မရှင်၊ တရုတ် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကောင်မရှင်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနစသည့် လုပ်ငန်းဌာနတို့သည် အသေးစားကုမ္ပဏီများဆိုင်ရာ ပေါ်လစီများ အကောင်အထည် ဖော်ဆောင်ရန် တွန်းအားပေးပြီး အကျိုးသက်ရောက်စွာ ဆောင်ရွက်နေပြီးဖြစ်ကြောင်း ပြောကြားသည်။

   Webradio