• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မာဟာသီယာ တရုတ်ပြည်တွင် ခရီးလှည့်လည်မည်

(GMT+08:00) 2018-08-17 16:59:27

မလေးရှား ဝန်ကြီးချုပ် မာဟာသီယာသည် ဖိတ်ကြားချက်အရ ယခုလ ၁၇ရက်နေ့မှ ၂၁ရက်နေ့အထိ တရုတ်ပြည်တွင် တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း၊ ယင်းသည် ဝန်ကြီးချုပ် တာဝန် ထပ်မံ ထမ်းဆောင်ခဲ့သည့်နောက်ပိုင်းတွင် မာဟာသီယာ၏ ပထမဆုံးအကြိမ် တရုတ်ပြည် ခရီးစဉ် ဖြစ်ကြောင်း၊ တရုတ်ပြည်သည် ၄င်းအနေနှင့် ဝန်ကြီးချုပ် တာဝန် ထပ်မံ ထမ်းဆောင်ခဲ့သည့် နောက်ပိုင်းတွင် တရားဝင် ခရီးလှည့်လည်သည့် ပထမဆုံး အာဆီယံ အဖွဲ့ဝင် မဟုတ်သော နိုင်ငံဖြစ်ကြောင်း၊ မလေးရှား အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီး အစိုးရသစ် တက်လာခဲ့သည့် နောက်ပိုင်းတွင် တရုတ်-မလေးရှား ဆက်ဆံမှု အနာဂတ်ရေး အပေါ် လူအများသည် အလွန် အာရုံစိုက်နေကြကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

မာဟာသီယာက ယခုလ ၁၆ရက်နေ့က ဆင်ဟွာ သတင်းဌာနမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် တရုတ်ပြည်နှင့် ဆက်ဆံရေးသည် မလေးရှား အတွက် အလွန် အရေးကြီး ကြောင်း၊ မိမိ၏ လွန်ခဲ့သည့် အကြိမ် ဝန်ကြီးချုပ် တာဝန် သက်တမ်းအတွင်း တရုတ်ပြည်နှင့် နွေးထွေးသော ဆက်ဆံမှု ထားရှိရန် တလျှောက်လုံး တွန်းအားပေးခဲ့ကြောင်း၊ တရုတ် ဖွံ့ဖြိုးတိုးတက်မှုကြောင့် မလေးရှားသည် အကျိုးများစွာ ရရှိကြောင်း၊ တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်း ပြောကြားသည်။

တရုတ်နှင့် မလေးရှား အကြား အစဉ်အလာ ချစ်ကြည်ရေး ဆက်ဆံမှု ရှိကြောင်း၊ နှစ်နိုင်ငံတို့သည် ဖွံ့ဖြိုးဆဲ နိုင်ငံများဖြစ်ပြီး နီးစပ်သော ဖွံ့ဖြိုးတိုးတက်ရေး ခံယူချက်ကိုလည်း စွဲကိုင်ကြောင်း၊ တရုတ်နှင့် မလေးရှားသည် ကိုယ့်အားကို ကိုးပြီး ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိသည့် သံတမန်ရေး မူဝါဒကို စွဲကိုင်ကျင့်သုံးကာ အာရှ တန်ဖိုးအမြင်ကို ထားရှိ၍ ဗိုလ်ကျမှု နိုင်ငံရေးကို ဆန့်ကျင်ကြကြောင်း၊ တရုတ်နှင့် မလေးရှား အကြားရှိ အကျိုးစီးပွားသည် သဘောကွဲလွဲမှုထက် များစွာပိုများကြောင်း၊ တရုတ်-မလေးရှား ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက် ရေးနှင့် အနာဂတ်ရေးကို အာရုံစိုက်သင့်ကြောင်း အကဲခတ်များက ယူဆကြသည်။

   Webradio