• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံ ဆိုင်ရာ ထိုင်းသံတမန် အရာရှိ တရုတ်ကဗျာ စာအုပ်ကို ရေးသားထုတ်ဝေ

(GMT+08:00) 2018-08-16 14:55:43

တရုတ်ပြည် နန်နင်းမြို့ ဆိုင်ရာ ထိုင်းနိုင်ငံ ကောင်စစ်ဝန်ချုပ် ချိုင်ရတ် ပွန်တစ်ဝါရာဝက်သည် ယခုလ ၁၅ရက်နေ့က နန်နင်းပြတိုက်တွင် တရုတ် ကဗျာ ရွတ်ဆိုပွဲကို ကျင်းပခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

ချိုင်ရတ် ပွန်တစ်ဝါရာဝက်သည် ထိုင်းနိုင်ငံတွင် မွေးဖွားပြီး မိဘများ၏ လမ်းညွှန်မှုဖြင့် ငယ်ရွယ်စဉ်က တရုတ်ဘာသာစကားကို သင်ကြား ခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ကျော်တုန်းက ၄င်းသည် တရုတ်ပြည်တွင် ပညာတော်သင် အဖြစ် ပညာသင်ကြားခဲ့ဖူးကြောင်း၊ ၄င်းပညာတော်သင် အတွေ့အကြုံ သည် မိမိ အနေနှင့် တရုတ်ပြည်ကို နက်ရှိုင်းစွာ သိရှိနားလည်ရန် အထောက်အကူ ဖြစ်ကြောင်း ချိုင်ရတ်က ပြောကြားသည်။

၂၀၀၃ခုနှစ်က ချိုင်ရတ်သည် ၄င်း၏ တရုတ်ပြည် ဆိုင်ရာ ထိုင်းသံတမန် အရာရှိ တစ်ဦး အဖြစ် ဒုတိယ အကြိမ် တာဝန်သက်တမ်း၏ နောက်ဆုံးကာလပိုင်းတွင် တရုတ် ရှေးဟောင်းကဗျာကို စတင် ရေးသားပြီး ယခုအထိ အပုဒ်ပေါင်း ၂၀၀ကျော် ရေးသားပြုစုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် ချိုင်ရတ် ထုတ်ဝေသည့် တရုတ် ကဗျာ စာအုပ်တွင် ၄င်းရေးသားပြုစု သည့် တရုတ် ရှေးဟောင်းကဗျာ အပုဒ် ၅၀ကျော်ကို ထည့်သွင်းခြင်း ဖြစ်ကြောင်း၊ ၁၅ရက်နေ့က ကျင်းပသော ကဗျာရွတ်ဆိုပွဲတွင် တရုတ် မူလတန်းကျောင်းသား၊ နန်နင်းပြတိုက်မှ ရှင်းပြသူ ဝန်ထမ်းနှင့် ထိုင်းပညာတော်သင်များသည် ၄င်းကဗျာ စာအုပ်မှ ကဗျာများကို ရွတ်ဆိုခဲ့ကြောင်း သိရသည်။

ချိုင်ရတ်က တရုတ် ယဉ်ကျေးမှုသည် နက်ရှိုင်းကြွယ်ဝကြောင်း၊ ထိုင်း-တရုတ် ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဆက်လက် အကျိုးပြု စွမ်းဆောင်မည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio