• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျူးရှန်းဆိပ်ကမ်းသည် တရုတ်ပြည်မှ အကြီးဆုံးသော ပင်လယ်ပြင် ဓာဆ်ဆီသွင်းစခန်းနှင့် ဝန်ဆောင်မှုဇုန် ဖြစ်လာ

(GMT+08:00) 2018-08-16 14:50:09

 

        ၂၀၁၇ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ကျဲ့ကျန်းပြည်နယ် လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်မှုဇုန်ကို ကျူးရှန်းမြို့၌ ဆိုင်းဘုတ်ချိတ်ခဲ့ကြောင်း၊ ယင်း ကုန်သွယ်ရေး စမ်းသပ်မှုဇုန်၏ အဓိက အလုပ်တာဝန်သည် ရေနံကုန်စည်များကို အဓိကအဖြစ်ထားသော ကုန်ပစ္စည်းအမြောက်အများ ရင်းနှီးမြှုပ်နှံမှု လွယ်ကူစေရေးနှင့် ကုန်သွယ်မှု လွတ်လပ်ရေးကို စမ်းသပ်ဆောင်ရွက်ရေး ဖြစ်ကြောင်း စီအာအိုင် သတင်းအရ  သိရပါသည်။

        သက်ဆိုင်ရာ စားရင်းအရ ကျဲ့ကျန်းပြည်နယ် လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်မှုဇုန် ဆိုင်းဘုတ်ချိတ်ပြီးနောက် တစ်နှစ်အတွင်းတွင် ကျူးရှန်းဆိပ်ကမ်းတွင် အကောက်ခွန်ကင်းလွှတ်သော ဓာတ်ဆီပမာဏ တန်ပေါင်း ၂ သန်းကို သွင်းပေးရန် အကောက်တော်ဌာနကို လျှောက်လွှာတင်ခဲ့ပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၁၀၀ ရာခိုင်နှုန်း တိုးများလာကြောင်း၊ ကျူးရှန်းဆိပ်ကမ်းသည် တရုတ်ပြည်မှ အကောက်ခွန်ကင်းလွှတ်သော ဓာတ်ဆီသွင်းလုပ်ငန်း ပမာဏ အလျန်မြန်ဆုံး တိုးလာသော ဒေသဖြစ်လာပြီဖြစ်ကြောင်း သတင်းအရ သိရပါသည်။

   Webradio