
ကျဲ့ကျန်းပြည်နယ် ကျူးရှန်းဆိပ်ကမ်းသည် မြစ်ချောင်းနှင့်ပင်လယ် ဆက်စပ်ရာနေရာ၌ တည်ရှိသည့်အတွက် ၂၀၁၇ခုနှစ်တွင် ကမ္ဘာပေါ်က ပထမဆုံးသော တစ်နှစ်အတွင်း ကုန်တင်ကုန်ချပမာဏ တန်ပေါင်း ၁ ဘီလီယံ ကျော်သော ဆိပ်ကမ်းကြီးဖြစ်လာပြီဖြစ်ကြောင်း၊ မြစ်ချောင်းနှင့် ပင်လယ် သယ်ယူပို့ဆောင်ရေး ပြောင်းလဲရာနေရာဖြစ်သည့်အတွက် ယန်စီမြစ် တစ်လျှောက်ရှိ ပြည်နယ်နှင့်မြို့များ လိုအပ်သော ပမာဏကြီးမားသော သံသတ္တုသဲကြမ်းနှင့် ရေနံစိမ်း အများစုကို ကျူးရှန်းဆိပ်ကမ်းမှတစ်ဆင့် ပြောင်းလဲပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခင်က မြစ်ချောင်းနှင့် ပင်လယ် နှစ်မျိုးစလုံး ခုတ်မောင်းနိုင်သော သင်္ဘောမျိုး မရှိသည့်အတွက် သံသတ္တုသဲကြမ်း တန်ပေါင်း ၂ သောင်းကို ကျဲ့ကျန်းပြည်နယ် ကျူးရှန်းဆပ်ကမ်းမှနေ အန်းဟွေးပြည်နယ် မာအန်ရှန်းမြို့အထိ ပို့ဆောင်လျှင့် ၃ ရက်ခွဲခန့် လိုအပ်ကြောင်း၊ ယခုနှစ် ဧပြီလက သံသတ္တုသဲကြမ်း တန်ပေါင်း ၂ သောင်းကို တင်ထားသော တရုတ်ပြည်မှ ပထမဆုံး မြစ်ချောင်း-ပင်လယ် တိုက်ရိုက် ဆိုက်ရောက်သောသင်္ဘော "ကျန်းဟိုင်ကျီတာ" အမှတ် ၁ သင်္ဘောကို ပထမဆုံးအကြိမ် ခုတ်မောင်းပြီးနောက် နာရီ ၃၀ ခန့်သာ လိုအပ်ကြောင်း သတင်းအရ သိရပါသည်။