• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မာဟာသီယာပြုလုပ်တော့မည့် တရုတ်ခရီးစဉ် အပေါ် မလေးရှား အလွှာပေါင်းစုံတို့ မျှော်လင့်ချက်များ ထားရှိ

(GMT+08:00) 2018-08-15 14:53:01

ယခုလ ၁၇ရက်နေ့မှ ၂၁ရက်နေ့အထိ မလေးရှား ဝန်ကြီးချုပ် မာဟာသီယာသည် တရုတ်ပြည်တွင် တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း၊ မလေးရှား အလွှာပေါင်းစုံ တို့က ယခုအကြိမ် ခရီးစဉ်သည် မလေးရှား-တရုတ် ဆက်ဆံမှုကို အဆင့်သစ်သို့ ရောက်ရှိနိုင်အောင် တွန်းအားပေးရန် မျှော်လင့်သည်ဟု ဖော်ပြကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

တရုတ်ပြည်သည် မလေးရှား၏ အကြီးဆုံး ကုန်သွယ်ဖက် ၉နှစ် ဆက်တိုက် ဖြစ်ပြီး ၂၀၁၆ခုနှစ်နှင့် ၂၀၁၇ခုနှစ်တွင် မလေးရှား၏ ကုန်ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး သောနိုင်ငံ ဖြစ်လာကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရသည်။ မလေးရှား-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ မာဂျစ်က မာဟာသီယာ၏ ယခုအကြိမ် တရုတ် ခရီးစဉ်သည် အပြန်အလှန် အကျိုးရှိစေရေး အခြေခံပေါ်တွင် မလေးရှား-တရုတ် စီးပွားကုန်သွယ်ရေး ဆက်ဆံမှုကို တစ်ဆင့်တိုးမြှင့်မည် ဖြစ်ကြောင်း သတင်းထောက်အား ပြောကြားသည်။

မလေးရှား ပစိဖိတ် သုတေသန စင်တာ ထိပ်တန်း အတိုင်ပင်ခံ အေစွန်ဟိုက မာဟာသီယာ၏ ယခုအကြိမ် တရုတ် ခရီးစဉ်သည် နှစ်နိုင်ငံ အကြား ပိုမိုဘက်စုံ နက်ရှိုင်းသော ကုန်သွယ်ရေး ဆက်ဆံမှု တည်ဆောက်ရေးကို တွန်းအားပေးပြီး အခြား နိုင်ငံနှင့် ဒေသများ အတွက် စံနမူနာ ပြသရန်၊ မလေးရှားနှင့် တရုတ် အကြား ပူးပေါင်းဆောင်ရွက်ရေး ပုံစံသစ် တည်ဆောက်ရေးကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားသည်။

မလေးရှား-တရုတ် ကုန်သည်များ အသင်းချုပ် ဥက္ကဋ္ဌ ချင်ယိုရှင်းက မာဟာသီယာ၏ ယခုအကြိမ် တရုတ် ခရီးစဉ်သည် ဒီဂျစ်တယ် စီးပွားရေးနှင့် A.Iစသည့် နယ်ပယ်များတွင် နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး တွန်းအားပေးပြီး မလေးရှား၏ စီးပွားရေး ဖွဲ့စည်းပုံ ထိန်းညှိရေးကို တွန်းအားပေးရန် မျှော်လင့်ကြောင်း၊ ယခုအကြိမ် ခရီးစဉ်သည် မလေးရှားနှင့် တရုတ် စီးပွားရေး လောက အတွက် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်ကောင်းများကို ဆောင်ကြဉ်းလာမည်ဟု ယူဆကြောင်းလည်း ပြောကြားသည်။

 

   Webradio