• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘောဒီးယား ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာ

(GMT+08:00) 2018-08-14 15:07:24

မကြာခင်က ကမ္ဘောဒီးယား ခရီးသွား လုပ်ငန်း ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော စာရင်းတွင် ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် နိုင်ငံခြား ခရီးသည် ၃သန်းခန့်သည် ကမ္ဘောဒီးယား နိုင်ငံသို့ လာရောက် ခရီးလှည့်လည်ပြီး ယမန်နှစ် အလားတူ အချိန်ပိုင်း ကထက် ၁၃ရာခိုင်နှုန်း တိုးလာကြောင်း၊ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် Angkor Watသည် နိုင်ငံခြား ခရီးသည် ၁သန်း ၅သိန်း ၄သောင်းကို လက်ခံပြီး ယမန်နှစ် အလားတူ အချိန်ပိုင်း ကထက် ၁၅့၃၆ရာခိုင်နှုန်း တိုးလာကြောင်း၊ ယခုနှစ် တစ်နှစ်ပတ်လုံးတွင် ကမ္ဘောဒီးယား နိုင်ငံ၌ ခရီးလှည့်လည်မည့် နိုင်ငံခြား ခရီးသည် စုစုပေါင်း ဦးရေမှာ ၆သန်း ၂သိန်း ရှိမည် ဖြစ်ပြီး ၂၀၁၇ခုနှစ်ကထက် ၁၂ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းရကြောင်း ဖော်ပြသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

လက်ရှိအချိန်တွင် ကမ္ဘောဒီးယား ပြည်တွင်း ထုတ်လုပ်မှု စုစုပေါင်း ပမာဏတွင် ခရီးသွားလာရေး ပမာဏ၏ အချိုးအစားသည် ၁၂ရာခိုင်နှုန်း ရှိကြောင်း၊ ၂၀၂၀ပြည့်နှစ်တွင် ကမ္ဘောဒီးယားသည် နိုင်ငံခြား ခရီးသည် ၇သန်းကို ဆွဲဆောင်ရန် စီစဉ်ထားကြောင်း၊ ယင်းသည် ဝင်ငွေ အမေရိကန် ဒေါ်လာ ၅ဘီလီယံကို ဆောင်ကြဉ်းလာပြီး အလုပ်အကိုင် နေရာ ၁သန်းကို ဖန်တီးပေးမည် ဖြစ်ကြောင်း၊ ၂၀၃၀ပြည့်နှစ် ရောက်လျှင် ကမ္ဘောဒီးယား သည် နိုင်ငံခြား ခရီးသည် ၁၅သန်းကို ဆွဲဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။

ယခု ကမ္ဘောဒီးယားသည် ခရီးသွားလာရေး အခြေခံ အဆောက်အအုံ တည်ဆောက်ရေးကို အားဖြည့်ဆောင်ရွက်နေကြောင်း၊ ယခုနှစ် မတ်လက ကမ္ဘောဒီးယားတွင် အကြီးဆုံး အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖြစ်သည့် Siem Reap လေဆိပ်သစ်ကို စတင် ဆောက်လုပ်ခဲ့ကြောင်း၊ ထို့အပြင်၊ ကမ္ဘောဒီးယားသည် တရုတ် ခရီးသည် အပါအဝင် နိုင်ငံခြား ခရီးသည်များ အပေါ် ပိုမို အဆင်ပြေသော ဗီဇာမူဝါဒကို ကျင့်သုံးနေကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio