|
||||||||
|
|||||||||||||
Acipenser sinensis လို့ခေါ်တဲ့ ယန်စီမြစ်ငါးကြီးဟာ ရေနေ သက်ရှိ ကျောက်ဖြစ်ရုပ်ကြွင်းလို့ ခေါ်ကြတယ်။ ဒီငါးကြီးဟာ ယန်စီမြစ်မှာ မွေးဖွားကြီးပြင်းလာတာဖြစ်ပြီး နွေရာသီနဲ့ ဆောင်းဦးရာသီမှာ အရှေ့ပင်လယ်ကနေ ယန်စီမြစ်ရဲ့ စိချွမ်းပြည်နယ် ယီပင်မြို့ပိုင်းမြစ်သို့ပြန်ပြီး ဥဥပြီးနောက် ပင်လယ်ထဲကို ပြန်သွားတတ်တယ်။ ဒီလိုအလေ့အထဟာ ဇာတိရွာကထွက်ပြီး ပင်လယ်ရပ်ခြားရောက်သူတွေရဲ့ ကိုယ့်တိုင်းပြည်အပေါ် လွမ်းဆွတ်တမ်းတစိတ်နဲ့ ထပ်တူထပ်မျှပဲဖြစ်တယ်။ ၂၀၀၂ခုနှစ်က ဒီငါးကြီးကို ထိန်းသိမ်းကာကွယ်ဖို့အတွက် ရှန်ဟိုင်းမြစ်ဝဒေသမှာ သဘာဝ ထိန်းသိမ်းကာကွယ်ရေးဇုန်ကို သီးသန့်တည်ဆောက်ထားပါတယ်။
|