• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိန်ရှန်-တရုတ်ပြည်၏ သစ်သီးဝလံ တင်သွင်းတင်ပို့သည့် အကြီးဆုံး ကုန်းတွင်း နယ်စပ်စခန်း

(GMT+08:00) 2018-08-06 15:19:21

တရုတ်ပြည် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ ဖိန်ရှန်မြို့သည် တရုတ်ပြည်တွင် သစ်သီးဝလံ တင်သွင်းတင်ပို့သည့် အကြီးဆုံး ကုန်းတွင်း နယ်စပ်စခန်း ဖြစ်ပြီး လူအများက ဖိန်ရှန်းကို "တရုတ်-အာဆီယံ သစ်သီးဝလံ မြို့တော်"ဟု ခေါ်ဝေါ် ကြကြောင်း တရုတ် သတင်းဌာနက ဖော်ပြသည်။

ဖိန်ရှန် အထွေထွေ အခွန်ကင်းလွတ်ဇုန် စီမံခန့်ခွဲရေး ကော်မတီ ဒုဥက္ကဋ္ဌ ယဲ့ရှင့်က ထိုင်းနှင့် ဗီယက်နမ် စသည့် နိုင်ငံများမှ သစ်သီးဝလံများကို ကုန်တင်ကားများဖြင့် တရုတ်ပြည်သို့ သယ်ဆောင်လာပြီး သင်္ဘောများဖြင့် သယ်ဆောင်ခြင်းထက် အားသာချက်များ ပိုများကြောင်း၊ ပထမအချက်က လျင်မြန်ခြင်း ဖြစ်ကြောင်း၊ သီးသစ်ဝလံထွက်ရာ ဒေသများမှ တရုတ်ပြည်သို့ တစ်ရက်အတွင်း ရောက်ရှိနိုင်ကြောင်း၊ ဒုတိယ အချက်ကတော့ ပျော့ပြောင်းမှု ရှိကြောင်း၊ ပမာဏ သိပ်မကြီးမားသည့် သစ်သီးဝလံများကိုလည်း ပို့ဆောင်နိုင်ကြောင်း၊ တတိယ အချက်က "ပြောင်းစီး"ရန် မလိုဘဲ သစ်သီးဝလံထွက်ရာ ဒေသများမှ ပို့ဆောင်ရန် ဒေသ အထိ တိုက်ရိုက် ပို့ဆောင်နိုင်ကြောင်း ပြောကြားသည်။

ဖိန်ရှန် အကောက်ခွန်ရုံး ကုန်စည်ပို့ဆောင်မှု ကြီးကြပ်ထိန်းချုပ်ရေး ဌာန တာဝန်ခံ တစ်ဦးဖြစ်သည့် နုံလင်က အရှေ့တောင် အာရှထွက် သစ်သီးဝလံများကို တရုတ် ဈေးကွက်သို့ ဝင်ရောက်ရန် အတွက် လျှောက်ထားခြင်း၊ အရည်အသွေးနှင့် ရောဂါ စစ်ဆေးခြင်းနှင့် ဝင်ရောက်ရန် ခွင့်ပြုခြင်း စသည့် အစီအစဉ်များရှိကြောင်း၊ ယခုနှစ် သြဂုတ်လ ၁ရက်နေ့က တရုတ်ပြည်သည် သက်ဆိုင်ရာ အစီအစဉ်များကို လွယ်ကူစေပြီး အာဆီယံ သစ်သီးဝလံများ တရုတ်ပြည်သို့ ဝင်ရောက်ခြင်း အရှိန် နောက်ထပ် တိုးမြင့်လာကြောင်း ပြောကြားသည်။

နိုင်ငံခြား သစ်သီးဝလံများ၏ ၄ပုံ၁ပုံသည် ဖိန်ရှန် နယ်စပ်စခန်းမှတစ်ဆင့် တရုတ်ဈေးကွက်သို့ ဝင်ရောက်ခြင်း ဖြစ်ကြောင်း၊ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် ဖိန်ရှန် နယ်စပ်စခန်း မှတစ်ဆင့် တရုတ်ဈေးကွက်သို့ တင်သွင်းသော သစ်သီးဝလံ ပမာဏမှာ တန်ချိန် ၅သိန်း၆သောင်းရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ရာခိုင်နှုန်း ၃၀ကျော် တိုးလာကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရသည်။

   Webradio