• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ပတ်သက်၍ ဝမ်ယိ၏ ပြောကြားချက်

(GMT+08:00) 2018-08-03 15:30:49

ယခုလ ၂ရက်နေ့ ညနေပိုင်းက တရုတ် နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် တရုတ်-အာဆီယံ(10+1) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ပြီး ပြည်တွင်းပြည်ပ မီဒီယာများမှ သတင်းထောက်များကို တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ဝမ်ယိက ယခုအကြိမ် အစည်းအဝေးသည် လွန်ခဲ့သည့်နှစ်များက ကျင်းပခဲ့သည့် တရုတ်-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးများထက် ပိုမိုသင့်မြတ်သာယာ၊ တည်ငြိမ်ရင်းနှီးကြောင်း၊ ယင်းသည် တရုတ်ပြည်နှင့် အာဆီယံ နိုင်ငံများ အကြား အပြန်အလှန် ယုံကြည်မှု တစ်ဆင့်တိုးပွားစေခြင်းနှင့် အပြန်အလှန် အားပေးထောက်ခံမှု ပိုမို ခိုင်မာပြတ်သားလာခြင်းကို နောက်ထပ် ပြဆိုနေကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ဝမ်ယိက ယခုအကြိမ် အစည်းအဝေးတွင် လူအများ အာရုံအစိုက်ဆုံး သည့်ကိစ္စမှာ တရုတ်နှင့် အာဆီယံ နိုင်ငံများတို့ တောင်ပင်လယ် စီမံခန့်ခွဲရေးမူ(COC)၏ တစ်ခုတည်းသော ညှိနှိုင်းဆွေးနွေးရေး မူကြမ်း ရရှိခြင်း ဖြစ်ကြောင်း၊ ယင်းသည် COCညှိနှိုင်းဆွေးနွေးရေးတွင် ရရှိသည့် အရေးကြီး တိုးတက်မှုသစ် ဖြစ်ကြောင်း၊ တရုတ်ပြည်နှင့် အာဆီယံ နိုင်ငံများသည် တောင်ပင်လယ် အေးချမ်းတည်ငြိမ်ရေးကို အတူထိန်းသိမ်းကာကွယ်နိုင်စွမ်း အပြည့်အဝရှိပြီး အတူလိုက်နာဆောင်ရွက်ကြမည့် ဒေသတွင်း စည်းမျဉ်းဥပဒေကို ချမှတ်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ထို့အပြင်၊ ဝမ်ယိက ယခုအကြိမ် အစည်းအဝေး၏ အကြီးဆုံး အောင်မြင်မှုမှာ တရုတ်-အာဆီယံ ဆက်ဆံမှုသည် အနှစ်သာရရှိသည့် ဖွံဖြိုးတိုးတက်မှု ရရှိပြီး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေး အချိန်ကာလမှ အရည်အသွေးနှင့် အဆင့်တိုးမြင့်လာသည့် ရင့်ကျက် သောအချိန်ကာလသို့ ဝင်ရောက်ခြင်း ဖြစ်ကြောင်း၊ တရုတ်-အာဆီယံ ဆက်ဆံမှုသည် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အဆင့်ကာလသစ်တွင် ဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း၊ မိမိတို့သည် အခွင့်ကောင်းများကို အတူမျှဝေခံစားပြီး စိန်ခေါ်မှုများကို အတူ ရင်ဆိုင်ကာ ပိုမိုနွေးထွေးသော ကံကြမ္မာ အသိုက်အဝန်းကို တည်ဆောက်ကြမည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio