• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၅၁ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ဖွင့်လှစ်

(GMT+08:00) 2018-08-02 17:26:47

၅၁ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ယခုလ ၂ရက်နေ့က စင်ကာပူတွင် ဖွင့်လှစ်လိုက်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ စင်ကာပူ နိုင်ငံ ဝန်ကြီးချုပ် လီရှိန်လွန်းက ပွင့်လင်းမှုနှင့် သက်ညှာထောက်ထားမှု ရှိပြီး အာဆီယံကို ဗဟိုပြုသော ဒေသတွင်း ဖွဲ့စည်းပုံသည် ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးကို တလျှောက်လုံး ကျားကန် ပေးနေကြောင်း၊ အာဆီယံ နိုင်ငံများ အနေနှင့် ၄င်းဖွဲ့စည်းပုံကို တောင့်တင်းရန် ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။

   Webradio