• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မာဟာသီယာနှင့် ဝမ်ယိ တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2018-08-02 15:01:16

မလေးရှား ဝန်ကြီးချုပ် မာဟာသီယာသည် ယခုလ ၁ရက်နေ့က ဝန်ကြီးချုပ်ရုံးတွင် အလည်အပတ် ရောက်ရှိနေသော တရုတ် နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် မာဟာသီယာက မလေးရှားနှင့် တရုတ် နှစ်နိုင်ငံတို့ သည် မိတ်ဆွေကောင်း ဖြစ်ကြောင်း၊ မလေးရှားရှိ တရုတ် အနွယ်ဖွားများသည် မလေးရှား၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးကြီးသည့် အကျိုးပြုမှုကို စွမ်းဆောင်ခဲ့ ကြကြောင်း၊ လက်ရှိအချိန်တွင် တရုတ်ပြည်သည် ဒေသတွင်း တံခါးဖွင့်မှုနှင့် စည်ပင် သာယာမှု အတွက် တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ အထူးသဖြင့် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တင်ပြသော ၂၁ရာစု Belt and Road အဆိုပြုချက်သည် ဒေသတွင်း နိုင်ငံများ၏ အတူ ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်ပင်သာယာမှု အကောင်အထည်ဖော်ရေး အတွက် အရေးကြီး အခွင့်ကောင်း ဖြစ်၍ မလေးရှား အနေနှင့် Belt and Road တည်ဆောက်ရေးတွင် တက်ကြွစွာ အားပေးထောက်ခံပြီး ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

ဝမ်ယိက မလေးရှား အစိုးရသစ် ဖွဲ့စည်းတည်ထောင်လာ၍ တရုတ်-မလေးရှား ဆက်ဆံမှုသည် အစပျိုးခြင်းသစ်တွင်လည်း ရှိနေကြောင်း၊ တရုတ်နှင့် မလေးရှား အကြား စီးပွားရေး အပြန်အလှန် ဖြည့်ဆည်းခြင်း များစွာ ရှိ၍ ပူးပေါင်းဆောင်ရွက်ရေး ရှေ့အလား အလာလည်း များစွာ ရှိကြောင်း၊ တရုတ်ပြည် အနေနှင့် မလေးရှားနှင့် အတူ လက်တွဲ ကြိုးပမ်းပြီး ဝန်ကြီးချုပ် မာဟာသီယာ၏ တရုတ်ပြည် ခရီးစဉ်ကို အခွင့်ကောင်း အဖြစ် ယူကာ အနာဂတ် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဘက်စုံ စီမံ၍ တရုတ်- မလေးရှား ဆက်ဆံရေး၏ ကောင်းမွန်သော အနာဂတ်ရေးသစ်ကို ဖန်တီးပေးလိုကြောင်း၊ Belt and Road အတူတည်ဆောက်ရေးတွင် မလေးရှား၏ တက်ကြွသော ပါဝင် ဆောင်ရွက်ခြင်းသည် တရုတ်-မလေးရှား ပူးပေါင်းဆောင်ရွက်ရေး အတွက် ပိုမိုကျယ်ပြန့် သော ရှေ့အလားအလာကို ဖန်တီးပေးပြီး မလေးရှား၏ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအား ပေးကာ အာရှ စည်ပင်သာယာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး အတွက် အကျိုးပြု စွမ်းဆောင်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

   Webradio