• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ကွမ်ရှီးပြည်နယ်နှင့် ဘရူနိုင်းနိုင်ငံ အကြား စီးပွားကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု များစွာ ပြုလုပ်

(GMT+08:00) 2018-07-25 11:15:48

      ၂၀၁၄ခုနှစ်က ဘရူနိုင်း နိုင်ငံ အစိုးရနှင့် တရုတ်ပြည် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ အစိုးရတို့သည် "ဘရူနိုင်း-ကွမ်ရှီး စီးပွားရေး စင်္ကြံ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ"ကို ချုပ်ဆိုပြီး နှစ်ဖက်တို့ လယ်ယာ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ကုန်စည်ပို့ဆောင်ရေး၊ မွတ်စလင် စားသောက်ကုန် အချောကိုင် လုပ်ငန်း၊ ဆေးဝါးကုသရေးနှင့် ကျန်းမာရေး၊ ဇီဝဗေဒဆိုင်ရာ ဆေးဝါး၊ ခရီးသွားလာရေးစသည့် နယ်ပယ်များတွင် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုကို စတင်ပြုလုပ် ခဲ့ကြောင်း တရုတ် သတင်းဌာနက ဖော်ပြသည်။

ယခုနှစ် ဇွန်လ အထိ တရုတ်ပြည် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသတွင် ဘရူနိုင်း နိုင်ငံမှ ရင်းနှီးမြှပ်နှံမှု လုပ်ငန်း အစီအစဉ် ၇ခုရှိပြီး အဓိက အားဖြင့် ကုန်ထုတ်လုပ်ငန်းနှင့် အိမ်ရာနှင့် မြေယာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားကြောင်း၊ ရင်းနှီး မြှုပ်နှံမှု စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၈သန်း၉သိန်း၁သောင်း၂ထောင် ရှိကြောင်း၊ တစ်ချိန်တည်းတွင် ကွမ်ရှီးတွင် မှတ်ပုံတင်ထားပြီး သို့မဟုတ် စစ်ဆေးပြီး ခွင့်ပြုသော ဘရူနိုင်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနှင့် လုပ်ငန်းဌာန ၅ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်၏ စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၈၈သန်း၈သိန်း၈သောင်း ရှိကြောင်း ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ အစိုးရမှ ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

 

   Webradio