• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု အတွေးအခေါ်သည် ခေတ်သစ် တရုတ်ပြည် အတွက် လမ်ညွှန်မှုသစ်ပေး

(GMT+08:00) 2018-07-20 13:47:02

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ ပြုပြင်ပြောင်းလဲမှု၊ တံခါးဖွင့်မှုနှင့် တရုတ် ခေတ်ကာလသစ် ဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်ကို ရှင်းလင်းဖော်ပြထားသည့် "ရှီကျင့်ဖိန် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု အတွေးအခေါ် လေ့လာချက်" စာအုပ်ကို မကြာခင်က ထုတ်ဝေဖြန့်ချိပြီး တရုတ် ပြည်သူနှင့် မီဒီယာ အပါအဝင် အလွှာပေါင်းစုံတို့သည် ၄င်းစာအုပ် အပေါ် ကျယ်ပြန့်စွာ အာရုံစိုက်ပြီး ချီးကျူးကြကြောင်း၊ ယခုလ ၁၉ရက်နေ့က ၄င်းစာအုပ်၏ ပထမဆုံး ထုတ်ဝေဖြန့်ချိမှု အခမ်းအနားကို တရုတ်ပြည် ရှင်ကျင့်မြို့တွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ်ပြည် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခဲ့သည်မှာ နှစ်၄၀ရှိပြီ ဖြစ်ကြောင်း၊ ၄င်းစာအုပ် ထုတ်ဝေဖြန့်ချိခြင်းသည် အချိန်ကိုက်နေကြောင်း၊ တရုတ်ပြုပြင် ပြောင်းလဲမှုသည် သော့ချက်ကျသည့် အချိန်ကာလတွင် ရောက်ရှိနေ၍ ရှီကျင့်ဖိန်၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု အတွေးအခေါ်သည် လာမည့် အဆင့်ကာလ၌ တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးကြီးသည့် အတွေးအခေါ်ဆိုင်ရာ  လမ်ညွှန်မှုပေးကြောင်း၊ အကယ်၍ ရှီကျင့်ဖိန်သည် ခေတ်ကာလသစ်တွင် တရုတ်ပြည်၏ ဗီသုကာ ဖြစ်ပြီ ဖြစ်ကြောင်း အကဲခတ်များက ယူဆကြသည်။

    "ရှီကျင့်ဖိန် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု အတွေးအခေါ် လေ့လာချက်" စာအုပ်ကို တရုတ်ပြည်သူ့ ထုတ်ဝေဖြန့်ချိရေးဌာနသည် ထုတ်ဝေဖြန့်ချိကြောင်း၊ ၄င်းစာအုပ်သည် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု အတွေးအခေါ်ကို စနစ်တကျ ရှင်းလင်းဖော်ပြထားသည့် ပထမဆုံး စာအုပ် ဖြစ်ပြီး စာလုံးပေါင်း ၃သိန်း၅သောင်းရှိကာ ရှီကျင့်ဖိန်၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု အတွေးအခေါ်ကို ဘက်စုံ သုံးသပ်ပြီး ရှင်းလင်းဖော်ပြ ထားကြောင်း သိရသည်။

ရှီကျင့်ဖိန်၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု အတွေးအခေါ်သည် ရှီကျင့်ဖိန်၏ ခေတ်သစ် တရုတ် ဝိသေသ ထူးခြားချက်ပါ ဆိုရှယ်လစ် အတွေးအခေါ်၏ အရေးကြီး အစိတ်အပိုင်း ဖြစ်ကြောင်း၊ ၄င်းစာအုပ်သည် ရှီကျင့်ဖိန်၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု အတွေးအခေါ်ကို ပေါင်းရုံးသုံးသပ်ရေးနှင့် လာမည့် အဆင့်ကာလတွင် တရုတ်ပြည်၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု အတွက် အားကောင်းခိုင်မာသော အတွေးအခေါ်ကို ကျားကန်ပေးကြောင်း သက်ဆိုင်ရာ ပညာရှင်များက ယူဆကြသည်။

နိုင်ငံတကာ မီဒီယာများသည် ၄င်းစာအုပ် ထုတ်ဝေဖြန့်ချိရေး အပေါ် အာရုံစိုက်ကြကြောင်း၊ ရုရှား သတင်းစာ၊ ရုရှား အီတာ-တာစ် သတင်းဌာန၊ လာအို ပြည်သူ့ သတင်းစာ၊ စပိန် နိုင်ငံတကာ အသံလွှင့်ဌာန၊ အယ်လ်ဘေးနီးယား အမျိုးသား ရုပ်မြင်သံကြားဌာန၊ အမေရိကန်၊ ဗြိတိန်နှင့် ဂျပန် နိုင်ငံများမှ မီဒီယာများသည် ၄င်းစာအုပ် ထုတ်ဝေဖြန့်ချိရေးနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

 

   Webradio