• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၅ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အဆင့်တိုးမြင့်မည်

(GMT+08:00) 2018-07-18 15:13:05

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနနှင့် လက်အောက်ရှိ တရုတ်ပြည် နိုင်ငံတကာ ကုန်သွယ်မှု တိုးမြှင့်ရေး ကောင်စီမှ သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ယခုနှစ်တွင် ကျင်းပမည့် ၁၅ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ အဆင့်ကို တိုးမြှင့်ပြီး ဆန်းသစ်တီထွင်မှု ပြုလုပ်ကာ နှစ်ဖက် လုပ်ငန်းကုမ္ပဏီိများ အတွက် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အတွက် အရေးကြီးသည့် ပလက်ဖောင်း တည်ဆောက်ပေးမည် ဖြစ်ကြောင်း၊ ထို့အပြင်၊ တရုတ်ပြည် အနေနှင့် ကုန်သွယ်မှု ဆိုင်ရာ ပိုငွေပြမှုကို ရှာကြံမည် မဟုတ်ဘဲ အာဆီယံ နိုင်ငံများမှ ပိုမိုများပြားသည့် ကုန်ပစ္စည်းများကို တင်သွင်းလိုကြောင်း လည်း ယခုလ ၁၇ရက်နေ့က ပီကင်းတွင် ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

ယခုနှစ်သည် တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့သည့် ၁၅နှစ်မြောက် ဖြစ်သလို တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီး အစည်းအဝေး တည်ထောင်ခဲ့သည့် ၁၅နှစ်မြောက်လည်း ဖြစ်ကြောင်း၊ ၁၅ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် သက်ဆိုင်ရာ ၁၅နှစ်မြောက် အထိမ်းအမှတ် လှုပ်ရှားမှုများကို စက်တင်ဘာလ ၁၂ရက်နေ့မှ ၁၅ရက်နေ့အထိ နမ်နင်းမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း၊ ယခုအကြိမ် ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်မှာ "၂၁ရာစု ပင်လယ်ပြင် ပိုးလမ်းမကြီး အတူ တည်ဆောက်ရေးနှင့် တရုတ်-အာဆီယံ ဆန်းသစ်တီထွက်ရေး အသိုက်အဝန်း တည်ဆောက်ရေး" ဖြစ်ကြောင်း သိရသည်။

တရုတ် ကွန်မြူနစ်ပါတီ ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ကော်မတီ အမြဲတမ်းအဖွဲ့ဝင်၊ အတွင်းရေးမှူးချုပ် ဟွမ်ဝေကျင်းက ယခုအကြိမ် ကုန်စည်ပြပွဲတွင် တရုတ် ကုန်ပစ္စည်း ခင်းကျင်းပြသခြင်း၌ သတင်းအချက်အလက် နည်းပညာ အသုံးပြုခြင်း၊ စမတ်သိပ္ပံနည်းပညာအသုံပြုခြင်းနှင့် စွမ်းအင်ချွေတာရေး စသည့် ထူးခြားချက်များကို ပေါ်လွင်စေမည် ဖြစ်ပြီး ခေတ်မီ နည်းပညာ ပြခန်းနေရာ၏ ဧရိယာ အကျယ်အဝန်းကို တစ်ဆတိုးပွားစေကာ လျှပ်စစ်ဓါတ်အား ပစ္စည်း ကိရိယာနှင့် စွမ်းအင်သစ် ပြခန်းနေရာ များကိုလည်း တိုးပွားစေမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

တစ်ချိန်တည်းတွင် ကျင်းပမည့် တရုတ်-အာဆီယံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီး အစည်းအဝေး၌ ဆန်းသစ်တီထွင်ခြင်းနှင့် အဆင့်တိုးမြှင့်ခြင်းကို ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။ တရုတ်ပြည် နိုင်ငံတကာ ကုန်သွယ်မှု တိုးမြှင့်ရေး ကောင်စီ ဒုဥက္ကဋ္ဌ ချင်ကျိုးက ယခုနှစ်တွင် ထိပ်သီး အစည်းအဝေး၏ အတွင်းရေးမှူး ဌာနသည် "တရုတ်-အာဆီယံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီး အစည်းအဝေး အဆင့်တိုးမြှင့်ရေး နည်းလမ်း ၂၀၁၈-၂၀၂၀"ကို တင်ပြပြီး ထိပ်သီး အစည်းအဝေး၏ ဆောင်ပုဒ်၊ အချက်အလက်၊ ကျင်းပရန် နည်းလမ်း၊ စနစ်နှင့် အောင်မြင်မှု ၅နယ်ပယ်တွင် အဆင့်တိုးမြင့်ရန် တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

 

   Webradio